တရုတ်နိုင်ငံတွင်ထိန်းသိမ်းထားသည့် NLDပါတီထောက်ခံသည့်လူလေးရာခန့်ကို ပြန်လွှတ်ပေး
========================
ရန်ကုန်၊၂၀၂၀အောက်တိုဘာ၉ရက်
တရုတ်နိုင်ငံတွင် ကျယ်ဂေါင်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံပြီး စီတန်းလှည့်လည်ခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် လူလေးရာခန့်ကို တရုတ်အာဏာပိုင်များက ယမန်နေ့ည (အောက်တိုဘာလ ၈ ရက်နေ့)ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။
တရုတ်နိုင်ငံစီကိုင်အကျဉ်းထောင်မှ ပြန်လွှတ်ပေးလုက်ခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့စီမံဘဏ္ဍာ၀န်ကြီး ဦး စိုးညွန့်လွင်ကပြောသည်။
"ညကပြန်လွှတ်ပေးလိုက်တာဟုတ်ပါတယ်။ မှန်ပါတယ်။ ဒီဘက်ပြန်လာတာတော့ မဟုတ်ဘူး။ သူတို့ကအဲဒီမှာဆက်အလုပ်လုပ်နေကြတာလေ"ဟု ဦးစိုင်းညွန့်လွင်က ပြောသည်။
ယမန်နေ့မနက်ပိုင်း (အောက်တိုဘာလ ၈ ရက်နေ့)က တရုတ်နိုင်ငံ၊ ရွှေလီ/ ကျယ်ဂေါင်မြို့တွင် နေထိုင်အလုပ်လုပ်ကိုင်သည့် မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမား (၄၀၀)ဦး ခန့်သည် ကျယ်ဂေါင်မြို့၊ မနောကွင်းတွင် စုရပ်ပြုလုပ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တံဆိပ်ပါ ဦးထုပ်၊ တီရှပ်အင်္ကျီများ ဝတ်ဆင်ခြင်း၊ အလံများနှင့် စတေကာများ တပ်ဆင်ထား သည့်မော်တော်ဆိုင်ကယ်(၁၉၀)စီး ခန့်ဖြင့် ကျယ်ဂေါင်မြို့မှ ရွှေလီမြို့သို့ အသွားအပြန် စီတန်း လှည့်လည်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံအားပေးမှုပြသခဲ့သည်။
စီတန်းလှည့်လည်ခဲ့သည် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား တရုတ်နိုင်ငံ၊ ရွှေလီမြို့၊ လုံမောဟုပန်းခြံအနီးတွင် တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။
နေ့လည် ၁ နာရီ အချိန်ခန့်တွင် တရုတ်ရဲတပ်ဖွဲ့သည် Express မော်တော်ယာဉ်(၁၀)စီးဖြင့်ဖမ်ဆီးခံရသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားအချို့အား ဆီကိုင်အကျဉ်းထောင်သို့ ခေါ်ဆောင်သွားခဲ့သော်လည်း ထိုနေ့ ညဘက်တွင် တရုတ်အာဏာပိုင်များက ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံတွင်ကိုဗစ်ကပ်ရောဂါကြောင့်လူမစုရန်တားမြစ်ထားကြောင်းလည်းသိရသည်။
Credit
Comments
Post a Comment