ညောင်းကျိုးဂိတ်မှာ ရခိုင်ကိုတင်ပို့မယ့် မူးယစ်ဆေးဝါး ကျပ်သိန်း ၃ သောင်းကျော်ဖိုး ဖမ်းမိ
ပန်းတောင်း၊ စက်တင်ဘာလ ၂၇၊ ၂၀၂၀။
ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ညောင်ကျိုးနယ်စပ် စစ်ဆေးရေးစခန်းမှာ မနေ့ညနေပိုင်းက ရခိုင်ပြည်နယ်ကိုတင်ပို့မယ့် WY နဲ့ R ရောရာစာတန်းပါ စိတ်ကြွမူးယစ်ဆေးဝါး ၂ သန်း ၁ သောင်းခြောက်ထောင်ကို ယာဉ်မောင်းတဦးနဲ့အတူ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ခရိုင်ရဲမှူးကြီးထံက သိရပါတယ်။
"ကားနဲ့တကွမိထားပါပြီ လူကတော့တယောက်ထဲပါ အရေးယူထားပါပြီ၊ လောလောဆယ်တော့ သူတယောက်ထဲကိုပဲ ဖမ်းမိထားပါသေးတယ်။ လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်နေတုံးပဲ" လို့ ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအောင်မိုးက ပြောပါတယ်။
Hyundai ကားနောက်ဘက်က ကျမ်းခင်းကို အံဖွက်လုပ်ကာဖွက်လာပြီး၊ ချင်းရွှေဟော်ကနေ မောင်းလာကာ ယာဉ်မောင်းကတော့ လာရှိုးမြို့က စိုင်းသော်စိုးဖြစ်ပါတယ်။
ယာဉ်မောင်းရဲ့ ကျောပိုးအိပ်ထဲကနေ R စာတန်းပါ နီညိုရောင် စိတ်ကြွရူးသွပ်ဆေးပြား (၆၀၀၀) ပါတထုပ်ကို စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ယာဉ်ကိုဥသျှစ်ပင်ရဲစခန်းမှာ ထပ်မံ စစ်ဆေးရာကနေ ကားနောက်ခမ်း အံဝှက်ထဲကနေ့ အဝါရောင်ပါကင်ထုပ်တွေထဲက WY နဲ့ R စာတန်းတွေပါတဲ့ လိမ္မော်ရောင်စိတ်ကြွဆေးပြား အထုပ်ပေါင်း ၂၀၁ ထုပ်ကနေ ဆေးပြား စုစုပေါင်း ၂ သန်းကျော် ကာလတန်ဖိုး သိန်းပေါင်း ၃ သောင်းကျော်ဖိုးကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
Comments
Post a Comment