မကွေးတိုင်းဒေသကြီးမှ ပြည်သူများသို့ ကြိုတင်အသိပေး ပန်ကြားချက်

 မကွေးတိုင်းဒေသကြီးမှ ပြည်သူများသို့ ကြိုတင်အသိပေး ပန်ကြားချက်

======================================================



မကွေး၊  စက်တင်ဘာလ ၁၂ ရက် 

ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် Covid – 19 ကူးစက်ရောဂါသည် ပြည်တွင်းကူးစက်မှုအသွင်ဖြင့် ကူးစက်မှုမြန်ဆန်လာပြီး ကူးစက်ခံရသူ ပိုမိုတိုးပွါးလာသဖြင့် ရောဂါပိုးကူးစက်ပြန့်ပွါးမှု မရှိစေရေးနှင့် ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် 


မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ စက်တင်ဘာလ ၁၄ ရက်နေ့မှစတင်၍ အောက်ပါအချက်များပါဝင်သော အမိန့်အား ထုတ်ပြန်တော့မည်ဖြစ်ကြောင်း သိရှိရပါသည် -


- နေ့စဉ် ည (၁၂) နာရီမှ မနက် (၄)နာရီအတွင်း ညမထွက်ရ Curfew အမိန့် ညွှန်ကြားချက်


- စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ ထမင်းဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်းမပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ညွှန်ကြားချက်


- ခရီးသည်တင်ယာဉ်လိုင်းများအား ယာယီရပ်ဆိုင်းကြောင်း ညွှန်ကြားချက်


သို့ဖြစ်ပါ၍ မကွေးတိုင်းဒေသကြီးတွင်နေထိုင်ကြသည့် ပြည်သူများအနေဖြင့် တိုင်းဒေသ ကြီးအတွင်းသို့ Covid – 19 ရောဂါ ကူးစက်ပြန့်ပွါးလာမှု မရှိစေရေးအတွက် ပူးပေါင်း ဆောင်ရွက်သည့် အနေဖြင့် လုပ်ငန်းကိစ္စများနှင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထား နိုင်ပါရန် အသိပေး နှိုးဆော်လိုက်ရပါသည်။


Crd:

Comments