ချောက်မြို့ ကွာရန်တင်းစခန်း၌ အမျိုးသား ၁ ဦး ဆွဲကြိုးချသေဆုံး

 ချောက်မြို့ ကွာရန်တင်းစခန်း၌ အမျိုးသား ၁ ဦး ဆွဲကြိုးချသေဆုံး 



၂၀၂၀၊ အောက်တိုဘာ ၉


မကွေးတိုင်း၊ ချောက်မြို့၊ အမှတ် ၁၄ ရပ်ကွက်ရှိ ယာတော ကွာရန်တင်းစခန်းမှာ အောက်တိုဘာ ၈ ရက် နေ့ခင်းပိုင်းက အမျိုးသားတစ်ဦး ဆွဲကြိုးချသေဆုံးသွားတယ်လို့  ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။


အသက် ၂၅ နှစ်အရွယ်ရှိ အဲဒီမျိုးသားဟာ စက်တင်ဘာ ၂၉ ရက်နေ့က ရပ်ကွက်ကနေ ရက်အတော်ကြာ ပျောက်သွားပြီးနောက် ထောက်ခံစာမပြနိုင်ဘဲ ပြန်လည်ရောက်ရှိခဲ့တာကြောင့်  ကွာရန်တင်းစခန်းမှာ နေထိုင်ခဲ့ရတာလို့ အမှတ်၁၄  ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးငြိမ်းစိုးက ပြောပါတယ်။


“သူက ကျောက်ပန်းတောင်ဘက်က ပြန်လာတယ်ပြောတာ။ ဒါပေမဲ့ အထောက်အထားလည်း ပါမလာဘူး။ ရပ်ကွက်ထဲထားဖို့လည်း မဖြစ်၊ မြို့နယ် ကွာရန်တင်း လုပ်တဲ့နေရာ ပို့မယ်ဆိုတော့လည်း ရပ်မိရပ်ဖနဲ့ မိဘတွေက နီးနီးနားနား ဒီလူမနေတော့တဲ့ အိမ်ကြီးမှာ ထားရင်အဆင်ပြေတယ်ဆိုပြီး ထားလိုက်တာ။”


ချောက်မြို့မရဲစခန်း စခန်းမှူးက “တစ်ယောက်တည်း နေရတဲ့အချိန်မှာ အခုလိုဖြစ်သွားတာ။ ဘာကြောင့်ဆိုတာတော့ ဆေးရုံကိုပို့ပြီး စစ်ဆေးနေတယ်” လို့ ပြောပါတယ်။


ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ချောက်မြို့မရဲစခန်းမှာ  သေမှုသေခင်းဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။


Credit ကိုလင်း(ချောက်)/DVB

#Mandalay_True_News

Comments