ကလေးအတွက် နို့မုန့်ဝယ်မတိုက်နိုင်၍ ဖခင်ဖြစ်သူကြိုးဆွဲချသေဆုံး

 ကလေးအတွက် နို့မုန့်ဝယ်မတိုက်နိုင်၍ ဖခင်ဖြစ်သူကြိုးဆွဲချသေဆုံး

-----------------------------------



ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၀) ရပ်ကွက် မေတ္တာလမ်းမကြီးရှိ နေအိမ်တစ်အိမ်မှာ ကိုဗစ်ကာလအတွင်း အလုပ်ရှာမရဖြစ်ပြီး စားဝတ်နေရေးခက်ခဲမှုကို မိသားစုကြုံတွေ့ရပြီးနောက်ပိုင်း အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦး အဆုံးစီရင်မှု ဖြစ်ပွားခဲ့ပါတယ်။ 


သုံးလသားအရွယ် သားငယ်ဖြစ်သူအတွက် နို့မှုန့်ကိစ္စနဲ့ လင်မယားချင်း စကားများခဲ့ပြီးနောက် အမျိုးသမီးက အပြင်ထွက် နို့မှုန့်ဝယ်စဉ် အောက်တိုဘာလ ၂ ရက်နေ့ ညနေပိုင်းက ခင်ပွန်းဖြစ်သူ အဆုံးစီရင်သွားတာလို့ ကျန်ရစ်သူ အမျိုးသမီးက ပြောပါတယ်။


အဆုံးစီရင်သွားသူဟာ ကျပမ်း ပန်းရံလုပ်ကိုင်သူဖြစ်ပြီး အခုငှားနေတဲ့ ကျူးကျော်နေအိမ်ကို ပြောင်းလာတာ တစ်လမပြည့်သေးဘူးလို့ အိမ်နီးနားချင်းတွေက ပြောပါတယ်။


အောက်တိုဘာလ ၄ ရက်နေ့ ညပိုင်းအချိန်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီနဲ့ We Love U Nyi Nyi အဖွဲ့တို့က ကျန်ရစ်သူ မိသားစု နေအိမ်နဲ့ ရပ်ကွက် အတွင်းရှိ နေအိမ်တွေကို ဆန်၊ ဆီ အပါအဝင် အခြေခံစားသောက်ကုန်တွေကို ထောက်ပံ့လှူဒါန်းပေးခဲ့ပါတယ်။ ကျန်ရစ်ခဲ့တဲ့ ဇနီးနဲ့ သုံးလသားအရွယ် မိသားစုကို အောက်တို ဘာလ ၅ ရက်နေ့က မြင်တွေ့ရစဉ်။


ဓာတ်ပုံ - သက်ကို / မဇ္ဈိမ

Comments