ကမ်းခြေတစ်ခုမှာ ၁၈ပေခန့်ရှည်လျားတဲ့ အကြီးစားမိကျောင်းကို အရှင်လတ်လတ်ဖမ်းဆီးခဲ့ကြသူများ
လွန်ခဲ့တဲ့ အောက်တိုဘာ ၁၄ ဗုဒ္ဓဟူးနေ့က ဖိလစ်ပိုင်နိုင်ငံ Tawi-Tawiကျွန်းရှိကမ်းခြေတစ်ခုမှာ ကြီးမားတဲ့ အင်ဒို-ပစိဖိတ် မိကျောင်း သို့မဟုတ် ရေငန်မိကျောင်းတစ်ကောင်ကို ဒေသခံတွေနောက်ထပ်တွေ့ရှိဖမ်းဆီးခဲ့တဲ့ သတင်းဟာ social media ပေါ် ပျံ့နှံ့သွားခဲ့ပါတယ်။အဆိုပါမိကျောင်းဟာ ခန့်မှန်းခြေအရ ၁၈ပေခန့်ရှည်ပြီး Simunulကမ်းရိုးတန်းရှိ Taytayကမ်းခြေမှာ တွေ့ရှိခဲ့ကြပါတယ်။
ဒေသခံတွေက အဆိုပါမိကျောင်းကို ဖိလစ်နိုင်ငံရဲ့ အကြီးဆုံးဖမ်းဆီးရမိမှုတစ်ခုအဖြစ်ထင်ခဲ့ကြပါတယ်။တရားဝင်မသိရသေးပေမဲ့ မိကျောင်းအသစ်ဟာ သူတို့ဖမ်းဆီးခဲ့ချိန်မှာ ၁၆ပေခန့်ရှိတဲ့ လက်ရှိစံချိန်တင်ထားတဲ့ မိကျောင်းထပ်ကို ရှည်လျားနေခဲ့ပါတယ်။ဒါပေမဲ့ အဆိုပါမိကျောင်းဟာ ၂၀၁၃ခုနှစ် ဖေဖော်ဝါရီ ၁၀မှာသေဆုံးသွားခဲ့တဲ့ Lolong အမည်ရှိမိကျောင်း ကိုတော့ မမိသေးပါဘူး။
Lolongဟာ ပေ ၂၀နဲ့၃လက်မအရှည်ရှိပြီး ဂင်းနစ်ကမ္ဘာ့စံချိန်ကို သိမ်းယူနိုင်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံးရေငန်မိကျောင်းတစ်ကောင်ဘဲဖြစ်ပါတယ်။ဒေသခံသတင်းအရ မိကျောင်းအသစ်ကို Simunulခရီးသွားလုပ်ငန်းရုံးသို့ လွှဲပြောင်းပေးခဲ့ကာ Papa Bulls နေထိုင်တဲ့ ရွှံနွံထူထပ်တဲ့ဒေသသို့ ယူဆောင်သွားကြောင်း သိရပါတယ်။အဲ့လို မိကျောင်းတစ်ကောင်ဖမ်းဆီးရရှိခြင်းဟာ Simunulမှာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။၂၀၁၇ခုနှစ်စက်တင်ဘာလက လှည့်လည်သွားလာရင်း အစာရှာထွက်နေခဲ့တဲ့Papa Bullsအား Simunulရှိကမ်းခြေတစ်ခုမှာဘဲ ဖမ်းဆီးခဲ့ကြတာပါ။
သမိုင်းကြောင်းအရ ဆူတန်မင်းလက်ထက်က Simunulရှိ ရွှံ့နွံတွေဟာ မိကျောင်းတွေရဲ့စားကျက်မြေဖြစ်ခဲ့ပါတယ်။Simunulကမ်းရိုးတန်းမှာ မိကျောင်းနှင့်ပတ်သက်တဲ့ ရာဇဝင်ပုံပြင်များစွာလည်းရှိနေပါတယ်။
လူသိများတဲ့ပုံပြင်တစ်ပုဒ်ကတော့ ၁၉၆၈ခုနှစ်တုန်းကဖြစ်ပြီး စပါးအုံးမြွေကြီးနဲ့ ရေငန်မိကျောင်းတို့ အသေအကြေ တိုက်ခိုက်ကြရင်း နှစ်ကောင်လုံးသေဆုံးသွားခဲ့တဲ့ ပုံပြင်ဘဲဖြစ်ပါတယ်။ဒါ့အပြင် Simunulကမ်းရိုးတန်းရာဇဝင်အကြောင်းတွေ ပြန်လည်ရိုက်ကူးဖော်ပြထားတဲ့ ရုပ်ရှင်ဇာတ်ကားများလည်း ရှိနေပါသေးတယ်။
Comments
Post a Comment