ကျောင်းဆရာမကို သတ်၍ထွက်ပြေးတိမ်းရှောင်နေသူကို ၂၄ နာရီအတွင်း ဖမ်းမိ
----------- အကုန်သိသတင်းဌာန ----------
ပုတ်ပွ၍သေဆုံးနေသည့် ကျောင်းဆရာမ၏အလောင်းနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သောသေဆုံးသူနှင့်အတူနေအမျိုးသားကို ရဲတပ်ဖွဲ့က နာရီပိုင်းအတွင်းဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း ပဲခူးတိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့၊ မင်းကွက်(၃)ရပ်ကွက်၊ ရွှေတည်ကွက်သစ်၊ ပိတောက်(၂/၁)လမ်းရှိ နေအိမ်၌ အောက်တိုဘာ ၁၉ ရက်တွင် အပုတ်နံ့ရသဖြင့် စစ်ဆေးရာ အနောက်ဘက်ရေချိုးခန်းကြမ်းပြင်ပေါ်ရှိ နံရံနှင့်ကပ်လျက်ဦးခေါင်းဒဏ်ရာဖြင့် အိမ်ရှင်ကျောင်းဆရာမမှာသေဆုံးနေသည်ကိုတွေ့ရှိရာ အလောင်းကိုပြည်သူ့ရုံသို့တင်ပို့၍ စစ်ဆေးချက်အရ မာကြောသောအရာနှင့်ထိခိုက်သောကြောင့် ဦးခွံအက်ကွဲဒဏ်ရာဖြင့် သေဆုံးရခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
သေဆုံးမှုနှင့်ပတ်သက်၍ အမှုဖွင့်အရေးယူရန်အတွက်လိုအပ်သည့်စုံစမ်းမှုများပြုလုပ်ဆောင်ရွက်ခဲ့ရာ၌ သေဆုံးသူနှင့်အတူဇွဲသစ္စာမိုး(ခ)ဇီးကွက်ဆိုသူမှာ ယင်းအခင်းဖြစ်နေအိမ်တွင်ငှားရမ်းအတူနေထိုင်ကြခြင်းဖြစ်ကြောင်းသိရပြီး အောက်တိုဘာ ၁၅ ရက်၊ နံနက်ပိုင်းတွင် ၎င်းတို့နှစ်ဦးရန်ဖြစ်စကားများပြီးနောက် ဇွဲသစ္စာမိုး(ခ)ဇီးကွက်မှာ အထုတ်အပိုးများယူကာအိမ်ကိုသော့ခတ်ထွက်သွား၍ ပြန်မလာတော့ကြောင်း သက်သေများထံမှတစ်ဆင့်သိရှိရသည်။
ထို့အပြင်သေဆုံးသူ ကျောင်းဆရာမမှာလည်း ယခင်လိုရပ်ကွက်အတွင်းသွားလာလှုပ်ရှားမှုမရှိတော့ဘဲ နေအိမ်အတွင်းအပုတ်နံ့ထွက်ရှိခဲ့ရာ၌ အောက်တိုဘာ ၁၉ ရက်တွင်သက်ဆိုင်ရာက စစ်ဆေးခဲ့ရာတွင် ယခုလို သေဆုံးလျက်ရှိသည်ကိုတွေ့ရှိရခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
စစ်ဆေးပေါ်ပေါက်ချက်မျာအရ သေဆုံးသူနှင့်အတူနေ ဇွဲသစ္စာမိုး(ခ)ဇီးကွက် ဆိုသူကို စစ်ဆေးရန်စုံစမ်းခဲ့ပြန်ရာ၌ အောက်တိုဘာ ၂၁ ရက်၊ ည ၈ နာရီခွဲတွင် ပဲခူးဘက်မှ ရန်ကုန်ဘက်သို့ ဆိုင်ကယ်ဖြင့် မောင်းနှင်သွားသည်ကို သိရှိရသဖြင့် ရဲတပ်ဖွဲ့ကလိုက်လံဖမ်းဆီးရာ ပဲခူးမြို့၊ ဥဿမြို့သစ် (၈)ရပ်ကွက်၊ အုန်းခြံလမ်းသစ်၊ (၄) လမ်းရှိအဆောင်တွင် ဇွဲသစ္စာမိုး(ခ)ဇီးကွက်ကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသူ ဇွဲသစ္စာမိုး(ခ)ဇီးကွက်ကို စစ်ဆေးပေါ်ပေါက်ချက်များအရ လူသတ်မှုဖြင့် ပေါင်းတည်မြို့မရဲစခန်း၌ အမှုဖွင့်လှစ်ကာ စစ်ဆေးလျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဓာတ်ပုံ - ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့
ကျောင်းဆရာမကို သတ်၍ထွက်ပြေးတိမ်းရှောင်နေသူကို ၂၄ နာရီအတွင်း ဖမ်းမိ
----------- အကုန်သိသတင်းဌာန ----------
ပုတ်ပွ၍သေဆုံးနေသည့် ကျောင်းဆရာမ၏အလောင်းနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သောသေဆုံးသူနှင့်အတူနေအမျိုးသားကို ရဲတပ်ဖွဲ့က နာရီပိုင်းအတွင်းဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း ပဲခူးတိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့၊ မင်းကွက်(၃)ရပ်ကွက်၊ ရွှေတည်ကွက်သစ်၊ ပိတောက်(၂/၁)လမ်းရှိ နေအိမ်၌ အောက်တိုဘာ ၁၉ ရက်တွင် အပုတ်နံ့ရသဖြင့် စစ်ဆေးရာ အနောက်ဘက်ရေချိုးခန်းကြမ်းပြင်ပေါ်ရှိ နံရံနှင့်ကပ်လျက်ဦးခေါင်းဒဏ်ရာဖြင့် အိမ်ရှင်ကျောင်းဆရာမမှာသေဆုံးနေသည်ကိုတေ့ွရှိရာ အလောင်းကိုပြည်သူ့ရုံသို့တင်ပို့၍ စစ်ဆေးချက်အရ မာကြောသောအရာနှင့်ထိခိုက်သောကြောင့် ဦးခွံအက်ကွဲဒဏ်ရာဖြင့် သေဆုံးရခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
သေဆုံးမှုနှင့်ပတ်သက်၍ အမှုဖွင့်အရေးယူရန်အတွက်လိုအပ်သည့်စုံစမ်းမှုများပြုလုပ်ဆောင်ရွက်ခဲ့ရာ၌ သေဆုံးသူနှင့်အတူဇွဲသစ္စာမိုး(ခ)ဇီးကွက်ဆိုသူမှာ ယင်းအခင်းဖြစ်နေအိမ်တွင်ငှားရမ်းအတူနေထိုင်ကြခြင်းဖြစ်ကြောင်းသိရပြီး အောက်တိုဘာ ၁၅ ရက်၊ နံနက်ပိုင်းတွင် ၎င်းတို့နှစ်ဦးရန်ဖြစ်စကားများပြီးနောက် ဇွဲသစ္စာမိုး(ခ)ဇီးကွက်မှာ အထုတ်အပိုးများယူကာအိမ်ကိုသော့ခတ်ထွက်သွား၍ ပြန်မလာတော့ကြောင်း သက်သေများထံမှတစ်ဆင့်သိရှိရသည်။
ထို့အပြင်သေဆုံးသူ ကျောင်းဆရာမမှာလည်း ယခင်လိုရပ်ကွက်အတွင်းသွားလာလှုပ်ရှားမှုမရှိတော့ဘဲ နေအိမ်အတွင်းအပုတ်နံ့ထွက်ရှိခဲ့ရာ၌ အောက်တိုဘာ ၁၉ ရက်တွင်သက်ဆိုင်ရာက စစ်ဆေးခဲ့ရာတွင် ယခုလို သေဆုံးလျက်ရှိသည်ကိုတွေ့ရှိရခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
စစ်ဆေးပေါ်ပေါက်ချက်မျာအရ သေဆုံးသူနှင့်အတူနေ ဇွဲသစ္စာမိုး(ခ)ဇီးကွက် ဆိုသူကို စစ်ဆေးရန်စုံစမ်းခဲ့ပြန်ရာ၌ အောက်တိုဘာ ၂၁ ရက်၊ ည ၈ နာရီခွဲတွင် ပဲခူးဘက်မှ ရန်ကုန်ဘက်သို့ ဆိုင်ကယ်ဖြင့် မောင်းနှင်သွားသည်ကို သိရှိရသဖြင့် ရဲတပ်ဖွဲ့ကလိုက်လံဖမ်းဆီးရာ ပဲခူးမြို့၊ ဥဿမြို့သစ် (၈)ရပ်ကွက်၊ အုန်းခြံလမ်းသစ်၊ (၄) လမ်းရှိအဆောင်တွင် ဇွဲသစ္စာမိုး(ခ)ဇီးကွက်ကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသူ ဇွဲသစ္စာမိုး(ခ)ဇီးကွက်ကို စစ်ဆေးပေါ်ပေါက်ချက်များအရ လူသတ်မှုဖြင့် ပေါင်းတည်မြို့မရဲစခန်း၌ အမှုဖွင့်လှစ်ကာ စစ်ဆေးလျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဓာတ်ပုံ - ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့
Credit
Comments
Post a Comment