(၁၄)နှစ်အရွယ် ဆိတ်ကျောင်းသားက ( ၄)နှစ်ကျော် မိန်းကလေးငယ်ကို အဝတ်ဗလာနဲ့ သတ်ဖြတ်ထားခဲ့မှု ဖြစ်ပွား

 (၁၄)နှစ်အရွယ် ဆိတ်ကျောင်းသားက ( ၄)နှစ်ကျော် မိန်းကလေးငယ်ကို အဝတ်ဗလာနဲ့ သတ်ဖြတ်ထားခဲ့မှု ဖြစ်ပွား



လက်ပံတန်း၊ အောက်တိုဘာ ၁၉၊ ၂၀၂၀။


သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မှော်အင်းကျေးရွာအုပ်စု၊ ကမ်းပြိုကြီးကျေးရွာတွင်  အောက်တိုဘာ ၁၉ ရက်နေ့ နံနက်ပိုင်းက နေအိမ်မှ ကစားရန်ထွက်သွားသော အသက် ၄ နှစ် နဲ့ ၉ လအရွယ် မိန်းကလေးငယ်လေး ပြန်မလာတာကြောင့် ဖခင်ဖြစ်သူနှင့် အိမ်နားနီးချင်းများမှ လိုက်လံရှာဖွေခဲ့ရာ အဝတ်ဗလာနှင့် သေဆုံးနေသော ကလေးငယ်လေး အလောင်းကို ခြုံဖုတ်အတွင်းမှ တွေ့ရှိခဲ့ကြောင်း လက်ပံတန်းရဲစခန်းမှ သိရသည်။



" ကျနော်တို့ မသင်္ကာတရားခံဖြစ်တဲ့ ဆိတ်ကျောင်းပြန်လာတဲ့ ကောင်လေးကို ဖမ်းဆီးစစ်ဆေးတဲ့အခါ သူက ကလေးကို အဓမ္မပြုကျင့်တဲ့အခါကလေးက ရုန်းကန်အော်ဟစ်တာကြောင့် အသင့်ပါလားတဲ့ ကပ်ကြေးတစ်ခြမ်းကို ဓားပုံစံသွေးထားတဲ့ ဟာနဲ့ ထိုးခဲ့တာဖြစ်ကြောင်း ထွက်ဆိုပါတယ်။ ကလေးမှာတော့ ဝဲဘက်လည်ပင်းထိုးသွင်းရာ၊ ဝဲဘက်နံစောင်းထိုးသွင်းရာ၊ ကျောကုန်ထိုးသွင်းရာ၊ စုစုပေါင်းထိုးသွင်းရာ  ၈ချက်နဲ့ သေဆုံးနေတာကို တွေ့ရပါတယ်" ဟု လက်ပံတန်းရဲစခန်းမှ ခေတ္တစခန်းမှူး ဒုရဲအုပ်ရာဇာမျိုးဦးမှ  ပြောသည်။


ကျူးလွန်ကြောင်း ဝန်ခံခဲ့သည့် အသက် ၁၄ နှစ်ဆိတ်ကျောင်သားကို ၅ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း၊ လက်ရှိတွင် သေဆုံးသူ ကလေးငယ်၏ ဖခင်ဖြစ်သူမှ တရားလိုပြုလုပ်ပြီး၊ (ပ) ၇၀၂/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် ကနဦးတိုင်ကြားချက်အရ အမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်း၊ ဆေးစစ်ချက်အဖြေရရှိသောအခါတွင် ထပ်မံတွေ့ရှိသော ပြစ်မှုပေါ်ပေါက်ချက်အရ ပုဒ်မ ထပ်တိုးဆောင်ရွက်သွားရမှာဖြစ်ကြောင်း လက်ပံတန်းရဲစခန်းမှ သိရှိရပါသည်။

Credit 

Comments