အိမ်ရှင်အားသတ်၍ပစ္စည်းများခိုးယူသွားသည့်ကျူးလွန်သူအား ဖမ်းဆီးရမိ
အမှုဖြစ်စဉ်မှာ၉. ၉.၂၀၂၀ ရက် ည၇နာရီခန့်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ပုဗ္ဗသီရိမြို့နယ်၊ညောင်ပင်ကြီးစုကျေးရွာသပြေလမ်းရှိအလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှညွှန်မှူး၏နေအိမ်ခြံဝင်းအတွင်း၌အမျိုးသမီး၁ဦးဒဏ်ရာများဖြင့်သေဆုံးနေကြောင်းသတင်းအရပူးပေါင်းအဖွဲ့မှသွားရောက်စစ်ဆေးရာနေအိမ်ခြံဝင်းအတွင်း၌ဇနီးဖြစ်သူဒေါ်မော်မော်လွင်စိုး(၅၂)နှစ်အားဦးခေါင်းပေါက်ပြဲပြတ်ရှဒဏ်ရာများဖြင့်လဲကျသေဆုံးနေသည်ကိုတွေ့ရှိခဲ့ပြီးအိပ်ခန်းအတွင်းရှိမီးခံသေတ္တာအတွင်းမှရွှေထည်ပစ္စည်းများနှင့်၎င်းကိုင်ဆောင်သည့်Samsungဖုန်း၁လုံး(စုစုပေါင်းတန်ဖိုးငွေကျပ်(၁၆၀သိန်းခန့်)တို့ပျောက်ဆုံးနေသည်ကိုတွေ့ရှိခဲ့သဖြင့်ဇနီးဖြစ်သူကိုသတ်ကာရွှေငွေပစ္စည်းများယူဆောင်သွားသူကိုဥပဒေအရအရေးယူပေးပါရန်တရားလိုပြုလုပ်တိုင်တန်းခဲ့ရာပုဗ္ဗသီရိမြို့နယ်၊ပတ္တာနယ်မြေရဲစခန်း(ပ)..../၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂အရအမှုရေးဖွင့်သည်ဟုဆို၏။
ကျူးလွန်သူဖမ်းဆီးရမိရေး၊ မှုခင်းရဲတပ်
ဖွဲ့နှင့်နေပြည်တော်ရဲတပ်ဖွဲ့ဝင်များကတရားခံဖော်ထုတ်နိုင်ရေးစုံစမ်းနေရာမှ၁၃.၁၀.၂၀၂၀ရက်နေ့တွင်ကျူးလွန်သူဟုယူဆရသူသည်သပြေကုန်းဈေးအတွင်းရှိရွှေဆိုင်တစ်ဆိုင်သို့ရွှေဆွဲကြိုးလာရောက်ပေါင်နှံရာရွှေဝယ်ဘောင်ချာမပါရှိသဖြင့်ဆိုင်မှလက်မခံသောကြောင့်ဆိုင်ကယ်ဖြင့်ပြန်လည်ထွက်ခွါသွားကြောင်းသတင်းရရှိခဲ့ပြီးရဲတပ်ဖွဲ့ဝင်များမှCCTVမှတ်တမ်းများအရစီးနင်းလာသည့်ဆိုင်ကယ်နံပါတ်နှင့်လူပုံသဏ္ဍာန်အားစိစစ်ရရှိခဲ့ကြောင်း၊၁၄ .၁၀.၂၀၂၀ရက်နေ့တွင် ယင်းနံပါတ်ပါ ဆိုင်ကယ်၏သွားလာလှုပ်ရှားမှုကိုစောင့်ကြည့်နေစဉ် အဆိုပါမသင်္ကာကျူးလွန်သူသည် မြို့မဈေးရှိ ရွှေဆိုင်တစ်ဆိုင်သို့ရွှေဆွဲကြိုးတစ်ကုံးအားထပ်မံလာရောက်ရောင်းချသည်ကိုတွေ့ရှိရ၍ဥပဒေနှင့်အညီဖမ်းဆီးစစ်ဆေးခဲ့ရာ၎င်းမှာဒက္ခိဏသီရိမြို့နယ်၊ထန်းတပင်ကျေးရွာနေကြည်ရှိန်(၄၆)နှစ်ဖြစ်ကာ၎င်းရောင်းချသည့်ရွှေဆွဲကြိုးမှာပုဗ္ဗသီရီမြို့နယ်၊သပြေလမ်းနေဒေါ်မော်မော်လွင်စိုးအားသတ်၍ နေအိမ်မှခိုးယူသွားသည့်ရွှေထည်ပစ္စည်းဖြစ်သည်ကို စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။
ကြည်ရှိန်ကိုအမှုစစ်အဖွဲ့ကစစ်ဆေးခဲ့ရာ
အစစ်ခံချက်အရ၉.၉.၂၀၂၀ရက်ညနေ၅နာရီခွဲခန့်တွင်နေအိမ်မှတစ်ဦးတည်းဆိုင်ကယ်ဖြင့်ထွက်ခွါလာခဲ့ပြီးညောင်ပင်ကြီးစုကျေးရွာရှိကျိုက်ထီးရိုးလေးဘုန်းကြီးကျောင်းရှေ့တွင်ဆိုင်ကယ်အားရပ်ကာလမ်းလျှောက်ထွက်ခွါခဲ့ပြီးညနေ၆နာရီခွဲခန့်တွင်ပစ္စည်းများခိုးယူရန်အခင်းဖြစ်နေအိမ်ခြံဝင်းအတွင်းသို့အုတ်တံတိုင်းခြံစည်းရိုးအားကျော်၍ဝင်ရောက်ခဲ့ကြောင်း၊နေအိမ်အတွင်းသို့နောက်ဖေးမီးဖိုချောင်အပေါက်မှဝင်ရောက်ကာမီးဖိုချောင်အတွင်းရှိဓားတစ်ချောင်းအားယူဆောင်၍နေအိမ်အိပ်ခန်းအတွင်းသို့ဝင်ရောက်စဉ်အိမ်ရှင်ဒေါ်မော်မော်လွင်စိုးနှင့်တွေ့ဆုံခဲ့ရာဒေါ်မော်မော်လွင်စိုးမှာနေအိမ်ရှေ့ပေါက်မှအပြင်ခြံဝန်းအတွင်းသို့ထွက်ပြေးသွားခဲ့၍နောက်မှလိုက်ကာဓားဖြင့်ထိုးစဉ်လဲကျသွား၍ အနီးရှိတုတ်အုတ်ခဲဖြင့်ထပ်မံထုရိုက်ရာသေဆုံးသွားခဲ့ကြောင်း၊၎င်းနောက်နေအိမ်အတွင်းသို့ထပ်မံဝင်ရောက်ပြီးသော့တန်းလန်းဖြစ်နေသောမီးခံသေတ္တာအတွင်းရှိ ရွှေထည်ပစ္စည်းများနှင့် စားပွဲပေါ်ရှိ ဖုန်းတို့အားယူဆောင်ကာပြန်လည်ထွက်ခွါခဲ့ကြောင်းပေါ်ပေါက်ချက်အရသက်သေခံပစ္စည်းများကိုသိမ်းဆီးကာအသေးစိပ်ဆက်လက်စစ်ဆေးနေကြောင်းနှင့်တရားစွဲဆိုတင်ပို့မည်ဖြစ်ကြောင်းသိရသည်။ေCrd#
Comments
Post a Comment