အစိုးရက အလကားကုပေးနေတဲ့ ကိုဗစ်ကုသဆေးတစ်လုံးရဲ့ တန်ဖိုး

 အစိုးရက အလကားကုပေးနေတဲ့ ကိုဗစ်ကုသဆေးတစ်လုံးရဲ့ တန်ဖိုး



အစိုးရက အလကားကုပေးနေတဲ့ ကိုဗစ်ကုသဆေးတလုံးရဲ့ တန်ဖိုး (အဲဒီလောက်တောင် ရှိတာလား?)

ကာကွယ်ဆေးအတွက် နိုင်ငံတော်အတိုင်ပင်ခံက သူမ ကြိုးပမ်းနေကြောင်း ပြောသွားတယ်။ အခု ကိုဗစ် ကုသဆေး ရမ်ဒက်ဆီဗား တွေဝယ်ပြီး ကုသပေးနေပါပြီတဲ့။ MRTV Live မှာ ပြောကြားသွားတယ်။


ဒီဆေးဟာ ဆေးတစ်လုံးကို ဒေါ်လာ ၃၉၀ (မြန်မာငွေ ၅ သိန်း) ကနေ ဒေါ်လာ ၅၂၀ (၆ သိန်း ၇ သောင်း) ကြား ရှိပါတယ်။ ဆေးပတ်လည် Course တစ်ခုစာကို ဒေါ်လာ ၃၁၂၀ (မြန်မာငွေ သိန်း ၄၀) ဝန်းကျင်ရှိတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။

ကိုယ်တို့နိုင်ငံဟာ ဆင်းရဲတဲ့ နိုင်ငံပါ။ ပြည်သူတွေရဲ့အသက်ကို တန်ဖိုးထားတဲ့ခေါင်းဆောင်မို့၊ သူမ အုပ်ချုပ်နေတဲ့ အခြေအနေဖို့ ဒီလိုတန်ဖိုးထားမှုကို ရတာပါ။ ဘယ်လိုအခြေအနေဖြစ်နေနေ ဒီပြည်သူကို ပစ်မချခဲ့ဘူးဆိုတဲ့ ယုံကြည်မှုနဲ့အတူ နွေးထွေးရပါတယ်။

ကမ္ဘာမှာ တရားဝင်အသိအမှတ်ပြု ကာကွယ်ဆေးပေါ်ထွက်လာတဲ့အခါ ကိုယ်တို့ ပြည်သူတွေ ရဖို့ သူမကြိုးစားမယ်ဆိုတာရယ်၊ ကိုယ်တို့တွေ တောင့်ခံရင်း ကိုဗစ်ကို နိုင်မယ့်တစ်နေ့ ရောက်လာလိမ့်မယ်လို့ ယုံကြည်တယ်။နိုင်ငံတော်အတိုင်ပင်ခံ ကျန်းမာပါစေ။Source:အိပန်ဆယ်လို


Comments