ဒီနေ့ညနေ ၅နာရီလောက်မှာ ကျွန်တော့ရဲ့ မဲဆန္ဒနယ်ထဲကတစ်မြို့ဖြစ်တဲ့ ပုပ္ဗသီရိမြို့နယ် ဘူတာကြီးတောင်ဘက်သံလွင်လမ်းမကြီးပေါ်မှာ ပြည်ခိုင်ဖြိုးမဲဆွယ်တဲ့ယာဉ်တန်းပေါ်ပါသူများနဲ့ လမ်းဘေးမှာနွားကျောင်နေတဲ့ NLD တီရှပ်ဝတ်ထားသူ(သစ်ယာကုန်းကျေးရွာ)က ကျောင်းသားငယ် လေးဦးတို့ခိုက်ရန်ဖြစ်ပွားခဲ့ကြပါတယ်။
NLD တီရှပ်ဝတ် ကျောင်းသားငယ်များ ရန်ပြုခံရ
( ၁၆.၉.၂၀၂၀ ညနေ(၅)နာရီ )
....................................................
ဒီနေ့ညနေ ၅နာရီလောက်မှာ ကျွန်တော့ရဲ့
မဲဆန္ဒနယ်ထဲကတစ်မြို့ဖြစ်တဲ့ ပုပ္ဗသီရိမြို့နယ်
ဘူတာကြီးတောင်ဘက်သံလွင်လမ်းမကြီးပေါ်မှာ
ပြည်ခိုင်ဖြိုးမဲဆွယ်တဲ့ယာဉ်တန်းပေါ်ပါသူများနဲ့
လမ်းဘေးမှာနွားကျောင်နေတဲ့ NLD တီရှပ်ဝတ်ထားသူ(သစ်ယာကုန်းကျေးရွာ)က ကျောင်းသားငယ်
လေးဦးတို့ခိုက်ရန်ဖြစ်ပွားခဲ့ကြပါတယ်။
မဲဆွယ်စည်းရုံးရေးကားပေါ်က လူနှစ်ရာလောက် နဲ့လမ်းဘေးမှာနွားကျောင်းနေတဲ့ခလေးငယ်တို့အ
ပြန်အလှန်စနောက်ရာက ယာဉ်တန်းပါကား၊ဆိုင်ကယ်များများပေါ်က ယောက်ျား၊မိန်းမများဆင်းပြီးခလေးငယ်များကိုဝိုင်းထိုးကြကြောင်း ခလေးများကို စစ်ဆေးတဲ့ရဲစစ်ဆေးချက်အရသိခဲ့ရပါတယ်။
#ရွာသားများသိလို့ဝိုင်းလိုက်ကြတဲ့အခါမှာတော့ ဆိုင်ကယ်များထားပြီးပြေးကြကြောင်းမျက်မြင်သက်သေများရဲ့ပြောကြားချက်အရသိရပါတယ်။
#ရွာသားတွေလိုက်လာတာမြန်သွားလို့လည်း
ခလေးငယ်ကျောင်းသားတွေသက်သာသွားဟန်ရှိပါတယ်၊ မဟုတ်ရင်တော့ ရာချီတဲ့လူအုပ်နဲ့ခလေးငယ်
လေးယောက် မတွေးဝံ့စရာပါပဲ။
ပြည်သူတွေဖုန်းဆက်လို့(၅:၁၅)ခန့်အချိန်
ကျွန်တော်ရောက်သွားတဲ့အခါမှာတော့
#ယာဉ်တန်းပါပုပ္ဗသီရိမြို့နယ်ကျေးရွာတစ်ခုက
ပြည်ခိုင်ဖြိုးရပ်ကျေးစည်းရုံးရေးမှူးတစ်ဦး၊
(ပြည်သူများက ဝိုင်းထားလျှက်)
#ပြည်ခိုင်ဖြိုးတံဆိပ်များကပ်ထားတဲ့
ဆိုင်ကယ်နှစ်စီး၊
#ဆောင်းဘောက်အပျက်များ
#ကားပေါ်ကဆင်းလာသူများထဲမှ
တစ်ဦးရဲ့ကျန်ခဲ့တဲ့အမျိုးသမီးစီးဖိနပ်တရံတို့
ကျန်ခဲ့ပါတယ်။
ခံရတဲ့ခလေးငယ်များ(မစိုးရိမ်ရ)ကို
ဆေးရုံသို့ပို့ဆောင်ပေးလိုက်ပြီး
ခလေးငယ်များကို မတရားဝိုင်းထိုးကြတဲ့သူတွေကို ဆက်လက် ဖေါ်ထုတ်သွားနိုင်ရေး
ပူးပေါင်းဆောင်ရွက် သွားပါ့မည့်အကြောင်း
ပြည်သူတို့အား တင်ပြအပ်ပါသည်။
Crd..........
Comments
Post a Comment