ကျွန်တော်ဖတ်မိတဲ့ အံ့သြစရာဖြစ်ရပ်လေးများ 🧐


အလယ်ခေတ်မှာဖြစ်ခဲ့တဲ့ ကပ်ဆိုးတခုဟာ လူတွေကို သေသည်အထိ 'က' အောင် တွန်းအားပေးနိုင်ခဲ့ပါတယ်! 


၁၅၁၈ခုနှစ် July လ မှာ Strasbourg မြို့မှာနေတဲ့ ဒေသခံတွေဟာ က ချင်စိတ် တဖွားဖွားပေါက်ပြီး မထိန်းနိုင်မချုပ်နိုင်ပဲ က ခဲ့ကြပါတယ် 


ဒီစိတ်ကစဥ့်ကလျားဖြစ်တာဟာ Frau Troffea ဆိုတဲ့ အမျိုးသမီး လမ်းပေါ်ထွက်လာပြီး တွန့်လိမ်ကောက်ကွေးပြီး ကရာ ကနေ စဖြစ်ခဲ့တာပါ သူမတယောက်တည်း ၁ပတ်လောက် နေ့ညမပြတ် က ပြီးတဲ့အခါမှာတော့ ဒေသခံ ၃ ၄ ယောက်ပါ ပါဝင်ဆင်နွှဲလာခဲ့ကြပါတယ် August လမှာတော့ အက ရောဂါကပ်ဆိုးဟာ လူအယောက် ၄၀၀ ထိ ပျံ့နှံ့သွားခဲ့ပါတယ် 


ဒီအဖြစ်ပျက်က ဘာကြောင့် ဖြစ်လဲဆိုတဲ့ ဖြေရှင်းချက်တောင် မပေးနိုင်ခဲ့ကြပါဘူး 


ဆရာဝန်တွေ သမားတော်တွေက တခြားဒေသမှာ ပြန့်နေတဲ့ ကပ်ရောဂါကို စိုးရိမ်လို့ သွေးပူပြီး လျှောက် က နေကြတယ်လို့ ယူဆခဲ့ကြပြီး စိတ်သက်သာရာ ရစေဖို့ ဒီလို က နေတာ ကို ပိုပြီး ချဲ့ကားစေကာ အားပေးခဲ့ကြပါတယ် 


ထိုအချိန်ကစပြီး ရွာက လူတွေဟာ ဇာတ်စင်တွေ ဆောက်~အကသမားတွေ ဌားပြီး ဘင်ခရာတွေနဲ့ ကပွဲ ဖန်တီးကာ ပူပြင်းတဲ့နွေရာသီရဲ့ လမ်းမတွေမှာ အဆက်မပြတ် ကလာခဲ့ကြပါတယ် ကတဲ့ဦးရေလည်း တနေ့ တခြား တိုးလာကာ မြိုင်မြိုင်ဆိုင်ဆိုင် နဲ့ အကမာရသွန် ပွဲကြီး ဖြစ်လာခဲ့ပါတယ် နောက်ဆုံး မကတဲ့ သူတွေကိုပါ ချုပ်ပြီး အတင်း က အောင် ဖိအားပေးလာခဲ့ကြပါတယ် သိပ်မကြာခင်မှာပဲ ကတဲ့သူတွေဟာ အမောဖောက်လာပြီး တယောက်ပြီး တယောက် လဲကျလာပါတော့တယ် နှလုံးဖောက်သေတဲ့သူ က သေ အပူရှက်ပြီး သေသူ က သေ စသဖြင့် ဒဏ်မျိုးစုံ နဲ့ သေဆုံးကြပေမယ့် အက မပြတ်ပဲ ပိုပြီးတော့တောင် က လာခဲ့ကြပါတယ်တဲ့ ဒီထူးဆန်းတဲ့ ဖြစ်ရပ်ဟာ September လ မတိုင်ခင်ထိ မပြီးဆုံးခဲ့ပါဘူး ကပွဲကို ဖျက်စီးပြီး ကတဲ့သူတွေ ဖိအားပေးပြီး ရပ်နားစေခဲ့ရပါတယ် 

 

Strasbourg  ရဲ့ အကကပ်ဆိုးဟာ ပုံပြင်ဆန်နေပေမယ့် တကယ်ပဲ ၁၆ရာစုရဲ့ သမိုင်းမှတ်တမ်းတွေမှာ အကျယ်တဝင့် ဖော်ပြထားတာကို တွေ့မှာဖြစ်ပါတယ် ခုဖော်ပြထားတဲ့ ဖြစ်ရပ်တခုတည်းရှိခဲ့တာမဟုတ်ပါဘူး ၁၅၁၈ခုနှစ် မှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်ထက် ပိုကြမ်းတဲ့ အလားတူ ဖြစ်ရပ်တွေ ကို Switzerland Germany နဲ့  Holland တွေမှာလဲ တွေ့ရမှာဖြစ်ပါတယ် 


ဘယ်အရာ က လူတွေ သေအောင် က သည် အထိ လုပ်နိုင်ရတာလဲ? 🤔


သမိုင်းလေ့လာသူ တဦးဖြစ်တဲ့ John Waller ရဲ့ သုံးသပ်ချက်အရ St. Vitus ဆိုတဲ့ Catholic ဘုန်းကြီးရဲ့ ပယောဂကြောင့်ပါတဲ့ ၁၅၁၈ခုနှစ်မှာ Strasbourg ရဲ့ အနီးမဝေးက မြို့တခုမှာ ကပ်ရောဂါတွေဖြစ်နေခဲ့ပါတယ် မြို့ခံတွေ ကြောက်ရွံ့ပူပန်နေတာကို လျှော့ချဖို့ St.Vitus က တိုက်တွန်းရင်း  ဒီ စိတ်ကစဥ့်ကလျားဖြစ်စေတဲ့ ဖြစ်ရပ်ကြီး ဖြစ်လာတယ်လို့ ယူဆကြပါတယ်  


နောက်သီအိုရီ တခုကတော့ အဆိပ်ရှိတဲ့ မှိုတမျိုးကို စားသုံးမိပြီး ထင်ရောင်ထင်မှားဖြစ်စေပြီး အကြောလိုက် ပြီး သေကြတာဖြစ်ပါတယ်တဲ့ အကြောလိုက်တဲ့ ပုံစံ ကို က သရောင် ထင်နေကြတာဖြစ်မယ်လို့  ကောက်ချက်ချခဲ့ကြပါတယ် 


သို့ပေမယ့် ဒီ ကပ်ဆိုးနဲ့ ပတ်သက်ပြီး တိကျရေရာတဲ့ သက်သေအထောက်ထားတော့ ခုထိရှာမတွေ့သေးပါဘူး 



Crd

Comments