နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ​၏ဗဟန်းမြို့နယ်ရှိ ခြံအမှတ်(၅၄) နေအိမ်၌ COVID ရောဂါ ကူးစက်ခံရသူ နှစ်ဦးတွေ့

 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်

​၏ဗဟန်းမြို့နယ်ရှိ ခြံအမှတ်(၅၄) နေအိမ်၌ COVID ရောဂါ ကူးစက်ခံရသူ နှစ်ဦးတွေ့ရှိ

===============================

PUBLISHED 6 SEPTEMBER 2020

 


ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ စက်တင်ဘာ ၆ ရက် နံနက် ၈ နာရီ ထုတ်ပြန်ချက်တွင် ပါရှိသည့် ဗဟန်းမြို့နယ်တွင် COVID ရောဂါ ကူးစက်ခံထားရသည်ဟု  အတည်ပြုလူနာနှစ်ဦးမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏  နေအိမ် ခြံအမှတ် ၅၄ မှ ဖြစ်ကြောင်း ခြံဝန်းအတွင်း နေထိုင်သည့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးမှ အတည်ပြုသည်။



"ကျွန်တော်တို့ဆီမှာ အမြဲနေတဲ့ တစ်ယောက်ရယ်၊ ယာယီ နေ့လယ်နေ့ခင်း လာပြီး အလုပ်လုပ်တဲ့ တစ်ယောက်၊ နှစ်ယောက် တွေ့တာ ” ဟု ဗိုလ်တစ်ထောင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးက ပြောကြားသည်။


ခြံအမှတ် ၅၄ ရှိ ပိုးတွေ့လူနာ နှစ်ဦး၌ တစ်ဦးမှာ နေအိမ်ကို စီမံအုပ်ချုပ်ရေး တာဝန်ယူသည့် ကော့မှူးမြို့နယ်ဇာတိ ဦးဌေး ဖြစ်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာ မျိုးညွှန့်က ပြောကြားသည်။


“ဒီမှာ ရောက်နေတာ ကြာပါပြီ။ နဂိုကတည်းကလည်း ခြံနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နေပြည်တော် သွားတဲ့အခါ ဆက်ပြီးတော့ ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ပေးထားတဲ့သူပါ ”  ဒေါက်တာ မျိုးညွှန့်က ပြောကြားသည်။




ထိုသို့ ရောဂါအတည်ပြုလူနာနှစ်ဦး တွေ့ရှိရသဖြင့် အဆိုပါခြံအတွင်း နေထိုင်သည့် ဗိုလ်တစ်ထောင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူး အပါအဝင် ခြံအတွင်း နေထိုင်သူ ခြောက်ဦး Hotel Quarantine ဝင်ရောက်နေရကြောင်း အဆိုပါ လွှတ်တော်ကိုယ်စားလှယ်က အတည်ပြုသည်။


Comments