မန္တလေးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၁၄၈)ဦး ရှိပြီ
===============================
မန္တလေးတိုင်းဒေသကြီးအတွင်း ယနေ့(၁၉-၉-၂၀၂၀) အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၁၄၈)ဦး ရှိပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ထိန်းချုပ် ကာကွယ်နိုင်ရေးအတွက် စက်တင်ဘာ ၁၈ ရက် ညနေ ၄ နာရီအထိ အသွားအလာကန့်သတ်စောင့်ကြည့်ထားသူ (၃၅၅၄)ဦး ရှိသည်။
မြန်မာနိုင်ငံတွင် ယနေ့(၁၉-၉-၂၀၂၀) နံနက် (၈:၀၀) နာရီအထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၄၆၂၁)ဦး ရှိပြီဖြစ်ပြီး ယနေ့(၁၉-၉-၂၀၂၀) ညနေ (၄:၀၀) နာရီအထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၈၁)ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ-မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်-မန္တလေးတိုင်းဒေသကြီး
Credit....
Comments
Post a Comment