မွေးလူနာလာရောက် ပို့ဆောင်သည့်ကား ကြာအင်းဆိပ်ကြီး ကတို့ဆိပ်တွင် ဇက်ပေါ်မှရေထဲကျ


"မွေးလူနာလာရောက် ပို့ဆောင်သည့်ကား 
ကြာအင်းဆိပ်ကြီး ကတို့ဆိပ်တွင် ဇက်ပေါ်မှရေထဲကျ



ယနေ့ 9.9.2020 နေ့လည်(၁၁း၄၅)အချိန်တွင်
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့လူမှုကူညီရေးအဖွဲ့ ထီးပေါ့ကလိုကျေးရွာမှ ကြာအင်းဆိပ်ကြီးမြို့ဆေးရုံသို့ 
မွေးလူနာလာရောက်ပို့ဆောင်ရာ ကြာအင်းဆိပ်ကြီးကတို့ 
ဆိပ် ကျေးရွာ ဇက်ကူးရာ နောက်ပြန်ဘတ်ဖြင့် ဇက်ပေါ်တက်ရာတွင် အရှိန်များသောကြောင့် ဇက်ကြိုးပျက်သွား၍ ကားရေထဲကျသွားခဲ့ပါသည်။



အဆိုပါ ကားရေထဲကျသွားချိန်မှာ လူနာများအားကယ်ဆယ် ဆောင်ရွက်ချိန်ရသောကြောင့် လူနာနှင့် ယာဉ်မောင်းများဘာမှမဖြစ်ခဲ့ပါကြောင်းနှင့် ၎င်းကားအား ကျေးရွာလူထုနဲ့မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့များကြိုးစားမှုကြောင့် ကမ်းပေါ်သို့ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရပါသည်။

 

Comments