ချောင်းအလယ်တွင် စက်ရပ်သွာသည့် ကားတစ်စီးနှင့် ကားပေါ်ပါသူများအား မီးသတ်တပ်ဖွဲ့က ကူညီကယ်ဆယ်

 ချောင်းအလယ်တွင် စက်ရပ်သွာသည့်

ကားတစ်စီးနှင့် ကားပေါ်ပါသူများအား မီးသတ်တပ်ဖွဲ့က ကူညီကယ်ဆယ်


===================


ချောက်မြို့နယ် အမှတ်(၁၅)ရပ်ကွက်၊ရတနာအိုင့်ရပ်ရှိ ရတနာအိုင်ချောင်းမှာ မိုးရွာသွန်းမှုကြောင့် ချောင်းရေများကျဆင်း လာခဲ့ပြီး


ယနေ့ စက်တင်ဘာလ ၁ရက်နေ့ ညနေ 

၃နာရီခွဲ အချိန်ခန့်တွင် 


မိုလာဘက်မှ ယဥ်မောင်း ဦးအောင်ဝင်းကိုမောင်းနှင်၍ ဦးဝင်းမြင့်နိုင်လိုက်ပါလာသော နစ်ဆန်း ပန်နတီ အဖြူရောင်ယဥ်မှာ ချောင်းလယ်အရောက်တွင် စက်ရပ်သွားပြီး ဆက်လက်မောင်းနှင်မရတော့သောကြောင့်


ချောက်မြို့နယ်မီးသတ်တပ်ဖွဲ့မှ မြို့နယ်မီးသတ်ဦးစီးမှုး ဦးစီးအရာရှိ ဦးသိန်းဇော်ဝင်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦး၊ အရန်မီးသတ် ဒုတပ်ရင်းမှုး ဦးဝင်းတင် ပါ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၅)ဦးတို့မှ 


ယာဥ်နှင့်လူ မျောပါမသွားစေရန် ကြိုး၊ဆွဲဆိုင်းကြိုးများအသုံးပြု၍ တံတားတိုင်ဖြင့်ချည်နှောင်ထိန်းထားပြီး ဦးထွန်းကို ၏ထွန်စက်ဖြင့် ဆွဲတင်ယူခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့သည်။



အဆိုပါအခင်းဖြစ်နေရာသို့ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်း၊ရဲမှုး ဦးဇော်ဝင်းနှင့်တပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။



Comments