အချက်ပြမီး မထွန်းပဲ လမ်းဘေးကားပျက်၍ ပြင်နေစဉ် ကားတိုက်ခံရ၍ သေဆုံး

 အချက်ပြမီး မထွန်းပဲ လမ်းဘေးကားပျက်၍ ပြင်နေစဉ်  ကားတိုက်ခံရ၍ သေဆုံး



ဘုရားကြီး ၇ -၉ -၂၀၂၀


ပဲခူးတိုင်းဒေသကြီး  ဘုရားကြီးမြို့ အပိုင် ပျဉ်ပုံကြီးကျေးရွာတွင်  စက်တင်ဘာလ ၆  ရက် ည ၉ နာရီ အချိန်ခန့်က ယာဉ်တိုက်မှု့ ဖြစ်ပွားကြောင်း သတင်းအရ  ဘုရားကြီးနယ်မြေ ရဲစခန်းမှ တာဝန်မှုး ဒုရဲအုပ် သန်းထိုက်စိုး၊ ယာဉ်ထိန်းရဲ  ရဲအုပ် စည်သူထွန်းတို့သည်  သက်သေ ဦးကျော်သူ အုပ်ချုပ်ရေးမှူး ပျဉ်ပုံကြီးကျေးရွာ၊ဦးသောင်းကြည် ရာအိမ်မှူး တို့နှင့်အတူ သွားရောက်စစ်ဆေးရာ  ရန်ကုန်-မန္တလေး ကားလမ်း မိုင်တိုင်အမှတ် (၆၉/၇)နှင့်(၇၀/၀)အကြား ပျဉ်ပုံကြီးကျေးရွာအုပ်စု ``အောင်ပန်း၂´´မြန်မာထမင်းဆိုင်အနီးတွင် ယာဉ်မောင်း ဌေးနိုင်  သူဌေးကုန်းရပ် ဘုရားစုကျေးရွာ ဝမ်းတွင်းမြို့ မောင်းနှင်လာသော MDY 4H/2991 MITUSUBISHI FUSO အမျိုးအစား (၁၂)ဘီး  ခဲပြာရောင် သည် ဒိုက်ဦးမြို့ဘက်မှ  ပျဉ်ပုံကြီး ကျေးရွာဘက်သို့ မောင်းနှင်လာစဉ် လမ်းဘေးတွင် အချက်ပြမီးမဖွင့်ပဲ  ရပ်တန့်၍ ကားပြင်နေသော  ယာဉ်မောင်း မိုးကျော်  (သာကေတ  ရန်ကုန်မြို့) နေသူ မောင်းနှင်သော  YGN 6C/----  MOHOWO SINO TRUCK အမျိုးအစား အဖြူရောင် ယာဉ်အား အနောက်မှနေ၍ အရှိန်ပြင်းစွာတိုက်မိကြောင်း ရဲမှတ်တမ်းအရ သိရ


 ၎င်း ယာဉ်တိုက်မှု့ကြောင့်  ၁၂ ဘီး ကားမောင်းနှင်သူ  ဌေးနိုင်သည် အခင်းဖြစ်ရာ နေရာတွင် ပွဲချင်းပြီးသေဆုံးကာ ရပ်တန့်၍ ကားပြင်နေသော ယာဉ်မောင်း မိုးကျော်မှာ  ဒဏ်ရာများ ရရှိ၍  အတွင်းလူနာ(မစိုရိမ်ရ) မနော်အယ်လေးအတွင်းလူနာ(မစိုးရိမ်ရ) 



အသီးသီး ရရှိခဲ့ကြောင်းသိရ၍ ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ဌေးနိုင် အား  အရေးယူပေးပါရန် ရဲအုပ်စည်သူထွန်းမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ဘုရားကြီး နယ်မြေရဲစခန်းမှ ယာဉ် (ပ) ၃၃/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၀၄ က /၃၃၇ / ၃၃၈ ဖြင့် အမှု့ ဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရ။


Comments