အသက်၁၅နှစ်ခန့်သာရှိသေးတဲ့ခယ်မလေးကို ခဲအိုတော်စပ်သူက ထမင်လာခူးပေးဦးဟု ပြောဆိုပြီးလက်ကိုဆွဲ တွန်းလှဲပြီး

 အသက်၁၅နှစ်ခန့်သာရှိသေးတဲ့ခယ်မလေးကို

ခဲအိုတော်စပ်သူက ထမင်လာခူးပေးဦးဟု

ပြောဆိုပြီးလက်ကိုဆွဲ တွန်းလှဲပြီး

သားမယားကျင့်တဲ့ဖြစ်ရပ်

==================



          ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ----ကျေးရွာတွင်

 ခဲမဝမ်းကွဲတော်စပ်သူကို ခဲအိုဖြစ်သူမှ 

သားမယားပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

      ဖြစ်စဉ်မှာ စက်တင်ဘာလ(၃)ရက်နေ့နံနက်(၁၀)နာရီအချိန်ကတရားလိုဖြစ်သူဒေါ်----- (ကျောက်တန်း)

နေသူသည်နေအိမ်၌ရှိနေစဉ် တူမ ဝမ်းကွဲတော်စပ်သူ မ---မှ ကျေးရွာ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းရုံးသို့ ခေတ္တလာရောက်ရန် ဖုန်းဆက်အကြောင်းကြားသဖြင့် ဒေါ်-------မှသွားရောက်ခဲ့ကြောင်း သိရသည်၊

            ထို့သို့သွားရောက်ခဲ့စဥ်တူမဝမ်းကွဲမ------မှပြောပြသည်မှာ​ဒေါ်------၏ခင်ပွန်း အောင်ကိုလွင်(၃၃) နှစ် (ဘ)ဦးအေးချို ရေလုပ်သား ကျောက်တန်းမြို့နယ်နေသူမှ တစ်အိမ်တည်းနေ တရားလိုဒေါ်----၏ညီမဝမ်းကွဲတော်စပ်သူ မ------(၁၅)နှစ်(အသက်စီစစ်ဆဲ)အား စက်တင်ဘာလ(၂) ရက်နေ့ည(၁၂)အချိန်ခန့်က သားမယားအဖြစ်

 ပြုကျင့်ခဲ့ကြောင်းပြောပြခဲ့သဖြင့်မ-------အား မေးမြန်းကြည့်ခဲ့သည်။



    မ------(၁၅)-မှပြောပြသည်မှာစက်တင်ဘာလ (၂) ရက်နေ့ည(၉)နာရီ အချိန်ခန့်က 

မ ------မှာ အိပ်ယာဝင်ခဲ့ကြောင်း ည(၁၂)နာရီ

အချိန်ခန့်တွင် အောင်ကိုလွင်သည်အပြင်မှပြန်လာကာ နေအိမ်နောက်ဖေး တံခါးအား ခေါက်၍ မ----ညီမလေး 

တံခါးဖွင့်ပေးပါပြောသဖြင့် တံခါးဖွင့်ပေးပြီး 

အိပ်ခန်းအတွင်းပြန်လာခဲ့ကြောင်း (၁၅)မိနစ်ခန့်

ကြာသောအခါအောင်ကိုလွင်မှ

 ခြင်ထောင်အားလှန်၍ ထမင်းလာခူး ပေးရန်

ပြောသဖြင့် အိပ်ယာမှထစဉ် မ-----လက်အား

လှမ်းဆွဲပြီး အတင်း တွန်းလှဲကာ

 ခန္ဓာကိုယ်ဖြင့်အပေါ်မှဖိထား၍ ပါးစပ်ကို 

လက်ဖြင့်ပိတ်ပြီး သားမယားအဖြစ် 

တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း ပြောပြသိရှိရသဖြင့်

 အောင်ကိုလွင်အားဥပဒေအရ 

အရေးယူပေးပါရန် ဒေါ်----မှကျောက်တန်းမြို့မရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်၊

         သိုဖြစ်၍ကျောက်တန်းမြို့မရဲစခန်းမှူး ဒုရဲမှူးနိုင်ဝင်းထွန်းမှတရာခံအောင်ကိုလွင် (၃၃)နှစ်(ဘ)ဦးအေးချိုအားဖမ်းဆီး၍ (ပ)၁၁၃၀/၂၀၂၀၊ပုဒ်မ-၃၇၆ ဖြင့်အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်းသိရသည်။



Comments