တောင်ငူမြို့ သရက်မှော် စာသင်ကျောင်းအနီး စျေးဆိုင်ရှေ့တွင် ဓားခုတ်လူသတ်မှုဖြစ်

 တောင်ငူမြို့  သရက်မှော် စာသင်ကျောင်းအနီး စျေးဆိုင်ရှေ့တွင်  ဓားခုတ်လူသတ်မှုဖြစ်

-------------------------

တောင်ငူမြို့ ၊  အမှတ် ( ၂ )ရပ်ကွက် ၊ တေဇာခင်ဦး ( ၅ )လမ်းရှိ ၊ သရက်မှော် စာသင်ကျောင်းအနီးတွင် ယမန်နေ့စက်တင်ဘာ ၂ ရက်နေ့ ည  ၈ နာရီဝန်းကျင်အချိန်က လူသတ်မှု ဖြစ်သွားခဲ့ကြောင်း သိရသည် ။



သေဆုံးသူမှ  တောင်ငူမြို့  အမှတ် ( ၉ )ရပ်ကွက် ၊ ကြက်သျှာစွန်းနေ ကျော်လွင်ဦး ( ၃၆ )နှစ်ဆိုသူဖြစ်ပြီး ၊ နေအိမ်မှ ည၈နာရီဝန်းကျင်  သူငယ်ချင်းဖြစ်သူ နှင့်အတူ ဆိုင်ကယ်ဖြင့် ထွက်ခွါပြီး သရက်မှော်စာသင်ကျောင်းအနီး စျေးဆိုင်ရှေ့အရောက်တွင် ဓားဖြင့်အခုတ်ခံခဲ့ရတာဖြစ်ကြောင်း ရဲမှတ်တမ်းများအရသိရသည် ။


ယင်းသို့ ဓားဖြင့် အခုတ်ခံရသောကြောင့် ကျော်လွင်ဦးမှာ ဝဲရင်ဘက်အထက်ပြတ်ရှဒဏ်ရာ ၊ ယာလက်ဖျံ ပြတ်ရှဒဏ်ရာ ၊  ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ ၁ ချက်တို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်းသိရသည် ။


ကျော်လွင်ဦးအသတ်ခံမှု နှင့် ပတ်သက်ပြီး ဇနီးဖြစ်သူမှ မျက်မြင်သက်သေများ၏ ပြောပြချက်အရ  တောင်ငူမြို့ ၊ အမှတ် ( ၂ )ကွက် တေဇာခင်ဦး ၅ လမ်းနေ ဇော်ဦး(ခ ) ဘောကြီး ( ၃၇ )နှစ်ဆိုသူမှ ဓားဖြင့် ခုတ်သတ်ခဲ့သည် ဖြစ်ကြောင်း တရားလို့ပြုလုပ်ကာ တိုင်တန်းထားကြောင်းလည်း ရဲတပ်ဖွဲ့ထံမှ သိရသည် ။


" ရန်ငြိုးကြောင့်မဟုတ်ပါဘူး သူတို့အချင်းချင်းလည်း အသိတွေပါ အကြွေးတောင်းသည့် ကိစ္စကနေ လူသတ်မှုအထိဖြစ်သွားသည်ဖြစ်ကြောင်း နှင့် ဒီကနေ့ မနက်ပိုင်းက မိမိဘာသာ လာရောက် အဖမ်းခံခဲ့ကြောင်း  " ရဲအရာရှိတစ်ဦးကဆို  သည် ။



အဆိုပါဖြစ်စဥ် နှင့် ပတ်သက်ပြီး တောင်ငူမြို့ အမှတ် ( ၂ )နယ်မြေရဲစခန်းတွင် (ပ)၃၇၇/၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖြင့်စစ်ဆေးဆောင်ရွက်ထားကြောင်းသိရသည် ။



Comments