ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ဘိန်းဖြူများ ဖမ်းဆီးရမိ
************************************************
နေပြည်တော်။ စက်တင်ဘာ ၂
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၁ ရက်နေ့ ၀၈၁၅ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ နောင်ချိုမြို့နယ်၊ မူဆယ်-မန္တလေး သွားကားလမ်းတွင် တားဆီး နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်နေစဉ် ကျောက်မဲမြို့ဘက်မှ ပြင်ဦးလွင်မြို့ဘက်သို့ လားရှိုးမြို့နယ်၊ သံလွင် ကျေးရွာအုပ်စု၊ သံလွင်ကျေးရွာနေ ကျန်ရင်ကွေး ၃၉ နှစ် စီးနင်းမောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်တင်ဆောင်လာသောခရီးဆောင်အိတ်အတွင်းမှ ရောင်စုံဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၅၃၀ ဂရမ်(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၇၉.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် နောင်ချိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။
(Unicode)
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ဘိန်းဖြူများ ဖမ်းဆီးရမိ
နေပြည်တော်။ စက်တင်ဘာ ၂
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၁ ရက်နေ့ ၀၈၁၅ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ နောင်ချိုမြို့နယ်၊ မူဆယ်-မန္တလေး သွားကားလမ်းတွင် တားဆီး နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်နေစဉ် ကျောက်မဲမြို့ဘက်မှ ပြင်ဦးလွင်မြို့ဘက်သို့ လားရှိုးမြို့နယ်၊ သံလွင် ကျေးရွာအုပ်စု၊ သံလွင်ကျေးရွာနေ ကျန်ရင်ကွေး ၃၉ နှစ် စီးနင်းမောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်တင်ဆောင်လာသောခရီးဆောင်အိတ်အတွင်းမှ ရောင်စုံဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၅၃၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇၉.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် နောင်ချိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။
crd
Comments
Post a Comment