ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးလှည့်ကင်းတာဝန်များ ဆောင်ရွက်နေစဉ် လက်နက်ကိုင်ဆောင်သူများကို ဖမ်းဆီးရမိ

 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးလှည့်ကင်းတာဝန်များ ဆောင်ရွက်နေစဉ် လက်နက်ကိုင်ဆောင်သူများကို ဖမ်းဆီးရမိ


ရန်ကုန်၊ စက်တင်ဘာ ၄



ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကိုထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် အောက်ပါအတိုင်း နယ်မြေအလိုက် ဖမ်းဆီး အရေးယူဆောင်ရွက်ခဲ့ကြောင်း-


၃.၉.၂၀၂၀ ရက်နေ့ ၁၆၃၅ အချိန်တွင် လှည်းကူးမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် အောင်မင်္ဂလာ ရပ်ကွက်၊ သီတာအေးဘောလုံးကွင်းပတ်လမ်းမပေါ်၌ ကျော်ဇင်လတ် ထံမှ အရိုးအသွား(၆)လက်မခန့်ရှိ ထိပ်ဦးချွန်ဓါး တစ်ချောင်းကိုလည်းကောင်း၊



သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ၁၂၃၀ အချိန်တွင် (ဃ)ရပ်ကွက်၊ ရွှေညောင်ပင်လမ်းမပေါ်၌ ကျော်စိုး ထံမှ အရိုးအသွား(၇)လက်မခန့်ရှိ ထိပ်ဦးချွန်ဓါးတစ်ချောင်းကို လည်းကောင်း၊



ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ၂၀၄၅ အချိန်တွင် (၅၃)ရပ်ကွက်၊ နွယ်သာကီ လမ်းမပေါ်၌ ရဲလင်းထိုက် ထံမှ အရိုးအသွား(၃၃)လက်မခန့်ရှိ ငှက်ကြီးတောင်ဓါးတစ်ချောင်းကို လည်းကောင်း၊


မှော်ဘီမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ၂၁၀၀ အချိန်တွင် မြောင်းတကာ-မှော်ဘီလမ်းမပေါ်၌ ချမ်းအေးကို ထံမှ အရိုးအသွား(၇)လက်မခန့်ရှိ ထိပ်ဦးချွန်ဓါးတစ်ချောင်းကိုလည်းကောင်း၊


လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ၂၂၀၀ အချိန်တွင် ကျန်စစ်သားလမ်းမပေါ်၌ ရဲကျော်အောင် ထံမှ အရိုးအသွား(၁၂)လက်မခန့်ရှိ ထိပ်ဦးချွန်ဓါး တစ်ချောင်းကိုလည်းကောင်း သိမ်းဆည်း ရမိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် အမှုဖွင့်အရေးယူခဲ့ကြောင်း သတင်းရရှိပါသည်။

Comments