ကျုံပျော်မြို့တွင် လမ်းဘေးလဲကျနေသော အမျိုးသား ၁ ဦး ဆေးရုံတွင် ဆေးကုသရင်း သေဆုံး

ကျုံပျော်မြို့တွင် လမ်းဘေးလဲကျနေသော အမျိုးသား ၁ ဦး ဆေးရုံတွင် ဆေးကုသရင်း သေဆုံး
---------------------------------------


စက်တင်ဘာလ ၂၈ ရက်။

ဧရာ၀တီတိုင်းဒေသကြီး ၊ကျုံပျော်မြို့ ကျုံပျော် -အင်ရဲ ကားလမ်းဘေးတွင် စက်တင်ဘာလ ၂၇ ရက်နေ့က သတိလစ်လဲကျနေသည့် အမျိုးသားတစ်ဦး အားဆေးရုံသို့ပို့ဆောင် ဆေးကုသရင်း သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ 

သေဆုံးသူမှာ သောင်ရွာကျေးရွာအုပ်စု ဖိုးထောင်ကျေးရွာနေ  စိုးမင်းနိုင်  အသက် ၃၅ နှစ်ပြီး အရက်အလွန်အကျွံ သောက်စားတတ်သူဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

သေဆုံးသူသည် ပျဉ်ချဆိတ်ရွာက NLD ဝန်းရံပြည်သူများ လှည့်လည်သော ဂွန်ဒေါင်းတွင် လိုက်ပါလာပြီး လမ်းဘေးတွင် အပေါ့သွားနေစဉ်မူးနေ၍ ထားခဲ့ခြင်းဖြစ်ကြောင်း ကျုံပျော်မြို့ခံတစ်ဦးထံမှ သိရသည်။



စိုးမင်းနိုင် သေဆုံးမှုနှင့် ပတ်သတ်၍ ပြည်သူဆေးရုံမှ ရင်ခွဲစစ်ဆေးရာ အရက်အလွန်အကျွံ သောက်စားခြင်းကြောင့် ရုတ်တရက်နှလုံးရပ်ကာ သေဆုံးခြင်းဖြစ်ကြောင်း နာရေးကူညီမှုအသင်း(ကျုံပျော်)မှ သိရသည်။


Comments