ရွှေဘိုမြို့တွင် မုဒိမ်းကျင့် လူသတ်မှုကြောင့် ထောင်ဒဏ်ကျခံခဲ့ပြီး ပြန်လည် လွတ်မြောက်လာသူမှ အသက်(၁၃)နှစ်အရွယ် ယောင်္ကျာကလေးတစ်ဦးကို မုဒိမ်းကျင့် လူသတ်မှုဖြစ်ပွာ
ရွှေဘိုမြို့တွင် မုဒိမ်းကျင့် လူသတ်မှုကြောင့် ထောင်ဒဏ်ကျခံခဲ့ပြီး ပြန်လည် လွတ်မြောက်လာသူမှ အသက်(၁၃)နှစ်အရွယ် ယောင်္ကျာကလေးတစ်ဦးကို မုဒိမ်းကျင့် လူသတ်မှုဖြစ်ပွား
ရွှေဘို ၊ စက်တင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် အသက်(၁၃)နှစ်အရွယ် ယောင်္ကျာလေး တစ်ဦးကို မုဒိမ်းကျင့် လူသတ်သည့် ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူသည် မုဒိမ်းကျင့် လူသတ်မှုကြောင့် နှစ်ရှည်ထောင်ဒဏ် ကျခံခဲ့ပြီး ထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့သူ တစ်ဦးဖြစ်ကြောင်း ရွှေဘိုမြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းဆန်းဦး ထံမှသိရသည်။
အမျိုးသမီးများကို မုဒိမ်းကျင့် လူသတ်မှုဖြင့် ၂၀၀၄ ခုနှစ်မှ စတင် နှစ်ရှည် ထောင်ဒဏ် ကျခံခဲ့ရသူသည် ၂၀၂၀ ခုနှစ် ဧပြီလ အတွင်း က ထောင်မှ လွတ်မြောက်လာပြီးနောက် ယောင်္ကျာလေး တစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ် တစ်ခု ရွှေဘိုမြို့၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ရွှေဘိုမြို့ အမှတ်(၇)ရပ်ကွက် ဝက်လည်ရွဲ ရပ်ကွက် ဈေးတောင်ဘက်လမ်းကြားတွင် စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၂ နာရီ ၄၅ မိနစ် အချိန်ခန့်က အသက်(၁၃)နှစ်အရွယ် ယောင်္ကျားလေးတစ်ဦး သည် စအိုတွင် သွေးထွက် ဒဏ်ရာဖြင့် သေဆုံးလျက် ရှိသည် ကို ရွှေဘိုမြို့မရဲစခန်း မှ တာဝန်ရှိသူများက တွေ့ရှိခဲ့သည်။ယင်းဖြစ်စဉ် နှင့် ပတ်သက်၍ ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်မောင် ၏လမ်းညွှန်မှုဖြင့် ဒုရဲမှူးသိန်းဆန်းဦး ဦးဆောင်သော အထူးအမှုစ်အဖွဲ့များသည် လိုက်လံ စုံစမ်းခဲ့ရာမှ ထွန်းထွန်းဝင်း(၄၂)နှစ်(ဘ)ဦးအာသာ သည် သေဆုံးသူအား အခင်းဖြစ်နေ့ အမှတ်(၇)ရပ်ကွက်နေ ပြင်ဈေးမြောက်ရပ် မှ ၎င်းနေထိုင်ရာ နေအိမ်သို့ ခြိမ်းခြောက် ခေါ်ဆောင်ခဲ့ပြီး လိင်တူ မုဒိမ်းကျင့်ခဲ့ပြီးနောက် လည်ပင်းညစ်သတ်ခဲ့ပြီး အလောင်းအား ဆိုင်ကယ်ဖြင့် တင်ဆောင်ကာ ဈေးအနီးတွင် ပြန်လည် ပစ်ထားခဲ့ကြောင်း ဝန်ခံ ထွက်ဆိုခဲ့သည် ဟု ရွှေဘိုမြို့မရဲစခန်းမှုး ဒုရဲမှူးသိန်းဆန်းဦး က ပြောသည်။
ယင်းဖြစစ်ဉ်နှင့်ပတ်သက်၍ ထွန်းထွန်းဝင်း (သ)၄၂နှစ်ကို ရွှေဘိုမြို့မရဲစခန်း တွင် ဖမ်းဆီးထားပြီး ရွှေဘိုမြို့မရဲစခန်း(ပ)၅၆၃/၂၀၂၀၊ရာဇသတ်ကြီးပုဒ်မ-၃၀၂/၃၇၇ ဖြင့် အမှုဖွင့် အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ရွှေဘိုမြို့မရဲစခန်း မှသိရသည်။
Crd........
Comments
Post a Comment