မော်လမြိုင်တွင် မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ"

 "မော်လမြိုင်တွင် မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ"

~~~~~~~~~~~~~~~~~~~~~~~~~~~~~

စက်တင်ဘာ ၂၂ ရက်၊ ၂၀၂၀။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင်နေအိမ်တစ်အိမ်အား သတင်းအရ ဝင်ရှာဖွေရာမှ ပစ္စတိုသေနတ်အပါအဝင် လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။



မော်လမြိုင်မြို့နယ်၊ ဈေးကြိုရပ်ကွက်၊ တောင်ဝိုင်းရပ်၊ သဇင်လမ်းရှိ ဦးနေဇာနေအိမ်သို့ စက်တင်ဘာ ၂၁ ရက်၊ ည ၈ နာရီခန့်က သက်ဆိုင်ရာပူးပေါင်းအဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာ ဇနီးဖြစ်သူဒေါ်ဝါဝါဝင်းသာ တွေ့ရှိခဲ့ပြီး ဆက်လက်ရှာဖွေခဲ့ရာမှ ပစ္စတိုသေနတ်အပါအဝင် လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါပစ္စည်းများကို ၎င်းတို့ ၂ ဦး အိပ်သည့် အိပ်ခန်းအတွင်း အိပ်ယာခေါင်းရင်းဘေး ဝဲဘက်ကြမ်းပြင်ပေါ်မှ အနက်ရောင်သရေအိတ်ဖြင့် ထည့်ထားသော ၃၈ Walther ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၎င်းကျည် ၆၀ တောင့်နှင့် ၎င်းအိပ်ယာဘေး ဝဲဘက်ကြမ်းပြင်ပေါ်ရှိ ကြွေဆေးလိပ်ပြာခံခွက်အတွင်း၌ MEVIUS စာတမ်းပါ စီးကရက်ဗူးခွံအတွင်း အပြာရောင်ပလပ်စတစ် ကပ်ခွာအိတ်ဖြင့်ထည့်လျက် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၉၀ ပြားပါ ၁ ထုပ်နှင့် WY စာတမ်းပါ ဆေးပြား ၆၅ ပြားနှင့် R စာတမ်းပါ ဆေးပြား ၁၀ ပြား၊ ပေါင်း ၇၅ ပြားပါ ၁ ထုပ် ဆေးပြား ၁၆၅ ပြား စုစုပေါင်းတန်းဖိုးငွေ ၈၂၅၀၀၀ ကျပ်တို့ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယာဉ်အမှတ်၊ MDY 1K... SUZUKI Carry(အဖြူရောင်)ယာဉ် ၁ စီး၊ နံပါတ်မပါ Honda CBR-250 မော်တော်ဆိုင်ကယ် ၁ စီး၊ နေဇာအမည်ပါ အိမ်ထောင်စုစာရင်းမိတ္တူ ၁ စောင်နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ရှာဖွေတွေ့ရှိခဲ့ရကြောင်း သိရသည်။



ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါ်ဝါဝါဝင်း၊ (၃၉)နှစ်နှင့် ဦးနေဇာ(တိမ်းရှောင်နေသူ)၊ (၄၁)နှစ်တို့ ၂ ဦးအား မုပွန်နယ်မြေရဲစခန်း၌ အမှုဖွင့်အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


Comments