ခရီးသည်တင်မှန်လုံယာဉ်မှ ပဲအိပ်များတင်ဆောင်လည့် ကားအားဝင်တိုက်

 ခရီးသည်တင်မှန်လုံယာဉ်မှ ပဲအိပ်များတင်ဆောင်လည့် ကားအားဝင်တိုက်





ဇီးကုန်းမြို့နယ် အပိုင် ရန်ကုန်-ပြည်ကားလမ်း ညောင်ဇင်ကျေးရွာအနီးခရီးသည်တင်မှန်လုံယာဉ်မှ ပဲအိပ်များတင်ဆောင်လည့် ကားအားဝင်တိုက်မိကြောင်း သတင်းရရှိသည်။




ပြည်ဘက်မှ ရန်ကုန်ဘက်သို့ လားရာတူမောင်းနှင်လာသည့် အန်တီဝင်း ခရီးသည်တင်မှန်လုံယာဉ် 

(YGN 2G-5405)နံပတ်ပြားတပ်ထားသည့်ယာဉ်မှ 

အရှိန်မထိန်းနိူင်ဘဲ ရှေ့ရှိ ပဲအိပ်များတင်ဆောင်လာသည့် ယာဉ်အမှတ် (BGO 5C-7566) နံပတ်ပြားတပ်စဉ်ထားသော ယာဉ်အား ယနေ့ စက်တင်ဘာလ (၂ဝ)ရက်နေ့ နေ့လည် (၂)နာရီအချိန်ခန့်၌ ဝင်ရောက်တိုက်မိခဲ့ကာ ယာဉ်ပေါ်ပါလာသူများ ပွန်းပဲ့ဒဏ်ရာချို့မှလွှဲ၍ သေဆုံးသူမရှိခဲ့ကြောင်း သိရသည်။



ယာဉ်တိုက်မှုဖြစ်ပွားချိန်တွင် ရန်ကုန်-ပြည်လမ်းမပေါ်တွင် မိုးရွာသွန်းထားရာ ခရီးသည်တင်ယာဉ်သည် အရှိန်မထိမ်းနိူင်ဘဲ ပဲအိပ်များတင်ဆောင်လာသည့် ကား၏ နောက်ဘက်ပိုင်းကို တိုက်မိတာကြောင့် လမ်းဘေးထိုးကျကာ ကားနောက်ပိုင်းသည် သံဆက်အပိုင်းများပြုတ်ထွက်ခဲ့ရာ ပဲ‌အိပ်အချို့မှာလည်း ကားလမ်းတွင် ပျက်စီးခဲ့ရပြီး ခရီးသည်တင်ကား၏ ရှေ့ခေါင်းပိုင်း ယာဘက်အခြမ်းမှာလည်း ပျက်စီးခဲ့ကြောင်း သိရသည်။


Crd..........

Comments