ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊တိုက်ကြီးမြို့နယ်၊ဗောဓိကုန်းရပ်ကွက်၊ရန်ကုန်-ပြည်ကားလမ်း၊မိုင်တိုင်အမှတ် (၄၉)မိုင်(၄)ဖာလုံအနီး

 ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊တိုက်ကြီးမြို့နယ်၊ဗောဓိကုန်းရပ်ကွက်၊ရန်ကုန်-ပြည်ကားလမ်း၊မိုင်တိုင်အမှတ် (၄၉)မိုင်(၄)ဖာလုံအနီး



(၁.၉.၂၀၂၀)ရက်နေ့(၃:၁၀)အချိန်ခန့်တွင်

ယာဉ်မောင်းဦးကျွဲ ကြီးရပ်ထားသော(5j/5841)နီဆန်းအဖြူရောင်အုပ်သယ်ယာဉ်အား ဥက္ကံဘက်မှ တိုက်ကြီးဘက်သို့ ယာဉ်မောင်း မနှင်းပွင့်ဖြူ အသက်(၁၃)နှစ်၊ယာဉ်နောက်လိုက်ပါစီးနင်းသူ ဒေါ်သင်းသင်းထွေး အသက်(၄၅)နှစ် မောင်းနှင်လာသော(၆၈ယ/၅၈၇၆၀)ဆိုင်ကယ်ဟွန်ဒါ အနက်ရောင်မှ အနောက်မှဝင်တိုက်မိခဲ့ရာ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း (၀၃:၁၄)အချိန်ခန့်တွင် ဖုန်းဆက်အကြောင်းကြားလာသဖြင့် တိုက်ကြီးမြို့နယ်မီးသတ်တပ်ဖွဲ့မှ လ/ထ မီးသတ်ဦးစီးမှူး ဦးသိန်းမင်းထွေးဦးဆောင်သော ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ယာဉ်တိုက်မှုဖြစိပွားရာနေရာသို့ ရောက်ရှိခဲ့ပါတယ်။


ဖြစ်စဉ်တွင်- ယာဉ်မောင်း မနှင်းပွင့်ဖြူ  အသက်(၁၃)နှစ်မှာ အခင်းဖြစ်ပွားရာနေရာတွင်ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကားကြားထဲတွင် ညှပ်နေသဖြင့် ဝိုင်းဝန်းဆွဲထုတ်ခဲ့ကြပြီး နိဗ္ဗာန်ချမ်းသာမင်္ဂလာအသင်း၏ နိဗ္ဗာန်ယာဉ်ဖြင့် ၄င်း၊ ယာဉ်နောက်လိုက်ပါစီးနှင်သူ ဒေါ်သင်းသင်းထွေး အသက်(၄၅)နှစ်မှာဦးခေါင်းခွံဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့သဖြင့်  ခိုးကိုးရာမဲ့ဘိုးဘွားစောင့်ရှောက်ရေးနှင့် လူမှု့ကူညီကယ်ဆယ်ရေးအသင်း၏ လူနာတင်ယာဉ်ဖြင့် တိုက်ကြီးပြည့်သူ ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ထိုမှတဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ နိဗ္ဗာန်ချမ်းသာမင်္ဂလာအသင်း၏ လူနာတင်ယာဉ်ဖြင့် ဆက်လက်ပို့ဆောင်ကြောင်းသတင်းရရှိပါတယ်။

Comments