အထက်မင်းလှတွင် အပေါင်ဆိုင်တွင်းဝင်ရောက်ခိုးယူရာ ငွေကျပ် ၂၂ သိန်းခန့် ယူဆောင်ကာ ပိုင်ရှင်အား ရိုက်နှက်ထွက်ပြေး
အထက်မင်းလှတွင် အပေါင်ဆိုင်တွင်းဝင်ရောက်ခိုးယူရာ ငွေကျပ် ၂၂ သိန်းခန့် ယူဆောင်ကာ ပိုင်ရှင်အား ရိုက်နှက်ထွက်ပြေး
………………………………………
ရန်ကုန်၊ စက်တင်ဘာ - ၁၇
မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့တွင် အမိန့်ရအပေါင်ဆိုင်အတွင်း ဝင်ရောက်ခိုးယူကာ ပိုင်ရှင်အား ရိုက်နှက်ထွက်ပြေးမှု ယနေ့ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်။
အဆိုပါ မင်းလှမြို့ အမှတ်(၂)ရပ်ကွက် ခိုင်ရွှေဝါလမ်းရှိ အမိန့်ရ အပေါင်ဆိုင်တွင် အမျိုးသားတစ်ဦးမှ ဝင်ရောက်ခိုးယူနေခဲ့ခြင်းဖြစ်ပြီး အိမ်ရှင်အမျိုးသားနှင့်ဆုံမိချိန်တွင်အိမ်ရှင်အား ရိုက်နှက်ထွက်ပြေး သွားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် အိမ်ရှင်အမျိုးသားတွင် နဖူးပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး ခိုးယူရိုက်နှက်ထွက်ပြေးသွားသူထံသို့ ငွေကျပ် ၂၂သိန်း ခန့်ပါသွားကြောင်း သက်ဆိုင်ရာရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှ မှုခင်းဆေးစစ်ချက်ရယူ၍ အမှုရေးဖွင့်ကာ တရားခံ ဖမ်းဆီးရမိရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
He broke into a pawn shop in Upper Minhla, took about 22 lakh kyats and beat the owner
………………………………………

Yangon, September 17
The owner of a pawn shop in Upper Minhla, Magway Region, was beaten and fled this morning.
A man was breaking into an authorized pawn shop on Khaing Shwe War Road in Ward 2, Minhla Township, and when he met the man, he ran away.
According to the police, the host man was injured in the forehead and about 22 lakh kyats was stolen from the thief.

Police in Minhla Township are investigating the incident and are investigating the case.
ဲ
Comments
Post a Comment