ရေကြည်မြို့နယ်၌ တရားခံပြေးဖမ်းဆီးစဉ် ပြန်လည်ခုခံရန်ပြုသဖြင့် ပစ်ခတ်သေဆုံး

==========================================

 ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၅ ရက် ညနေ ၅ နာရီခန့်တွင် ရေကြည်မြို့နယ် ရွာသစ် ကျေးရွာနေ ထွန်းထွန်းအား သံတူရွင်းဖြင့်ရိုက်သတ်ကာ အလောင်းအား ပီနံအိတ်ဖြင့်ထုပ်၍ ချောင်းစပ်ရှိ လှေအတွင်း၌ပစ်ထားပြီး ထွက်ပြေးတိမ်းရှောင်နေသော ငါးသိုင်းချောင်းနယ်မြေရဲစခန်း (ပ)၂၃၁/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အမှုရေးဖွင့်ထားရှိသူ ထွက်ပြေးတိမ်းရှောင်တရားခံ ဇော်ဇော်(ခ)ဝေလွင်(၄၂)နှစ် ဗမာ/ဗုဒ္ဓ (ဖ)ဦးတင်ဝင်းသည် ရွာသစ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာကြောင်း သတင်းအရ ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးစဉ် အဖမ်းမခံဘဲ ဖမ်းဆီးရေးအဖွဲ့အား ဓားဖြင့်ဝှေ့ရမ်း၍ ဂျင်ကလိများဖြင့်ပစ်ခတ် ပြန်လည်ခုခံရန်ပြုသဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် သက်သေအရပ်သားတစ်ဦးတို့တွင် ပွန်းရှ/ပြတ်ရှ ဒဏ်ရာများရရှိခဲ့ပြီး အသာတကြည်အဖမ်းခံရန် ပြောသော်လည်း ဆက်လက်ရန်ပြုသောကြောင့် သေနတ်ဖြင့် ၂ ချက် မိုးပေါ်ထောင် သတိပေးပစ်ခတ်သော်လည်း ဂျင်ဂလိဖြင့် ဆက်လက်ပစ်ခတ် နေသဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ကျည်ထိမှန်သေဆုံးခဲ့သည်။

 အဆိုပါတရားခံသည် ၂၀၀၉ ခုနှစ် မတ်လ ၃၀ ရက်တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၌ အမျိုးသမီးတစ်ဦးအား ပေါက်ပြားဖြင့်ခုတ်သတ်ကာ တရုတ်ယွမ် ၁၇၀၀၀၀ နှင့် ဆိုင်ကယ် ၁ စီးအား လုယက်မှုဖြင့် မြစ်ကြီးနားအကျဉ်းထောင်တွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၇ ရက်တွင် နိုင်ငံတော်လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်လာသူ တစ်ဦးဖြစ်ကြောင်း သိရှိရပြီး ငါးသိုင်းချောင်းနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၅/၂၀၂၀)ဖြင့် အမှုရေးဖွင့်ဆောင်ရွက် ထားရှိသည်။

 မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် သတ်မှတ်ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရာ၌ ရဲတပ်ဖွဲ့ဝင်နှင့် ပြည်သူများကို အသက်အန္တရာယ် ဖြစ်စေနိုင်သည်အထိ လုပ်ဆောင်မှုများ တုန့်ပြန်ခုခံ ရန်ပြုမှုများအပေါ် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၆(၁/၂/၃) ပြဌာန်းချက်ပါ ဥပဒေနှင့်အညီ ပစ်ခတ် ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိပါကြောင်း။ 

#ရဲဇာနည်

Comments