ဒီလို အနိုင်ကျင့်တဲ့ လုပ်ရပ်မျိုးလုပ်ပြီး အေးအေးဆေးဆေး နေနေလို့ရောရတယ်တဲ့လား …?


 ကလေးမွေးပြီး ရင် ၄၅ ရက် တိတိ ယောကျာ်း နဲ့ မနေနဲ့ ”ဒါက ကလေးမွေးပြီးစ အမျိုးသမီးတွေကို မှာနေကျ စကားပေါ့ ။ေ ယောကျာ်းဖြစ်ရတာကံကောင်းပါတယ် ။



“ကလေးမွေးပြီးရင် ၄၅ ရက်တိတိ ယောကျာ်းနဲ့ မနေနဲ့”ဒါက ကလေးမွေးပြီးစ အမျိုးသမီးတွေကို မှာနေကျစကားပေါ့။ အဲဒီအချိန်အတွင်းမှာ အမျိုးသမီးကို အနားပေးထားတယ် ။



အင်မတန်မှကို ပင်ပန်းခက်ခဲတဲ့ ကိုယ်၀န်ဆောင်၊ ကလေးမွေးဖွားမှုကို လုပ်ဆောင်ခဲ့ပြီးတဲ့နောက်မှာ အားပြန်မွေးရတဲ့ကာလကိုး။ သူ့ရဲ့ကျန်းမာရေးကို ဂရုစိုက်ရတယ်။ အာဟာရပြည့်ဝအောင် နေရတယ် ။

ကလေးကို မိခင်နို့တိုက်ကျွေးရတယ်။ ဒီလိုအချိန်မျိုးဆို မိသားစု၀င်တွေနဲ့ အမျိုးသားကလည်း သူ့ကို သည်းသည်းလှုပ် ဂရုစိုက်တတ်ကြတာပေါ့ ။



သူစားချင်တာ၊ သူဖြစ်ချင်တာ အကုန်လုပ်ပေးတယ်။ စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ အားပေးတယ်။ သူလုပ်ရမယ့် ကလေးနဲ့ပတ်သက်တဲ့ အလုပ်တွေကို ဝုိင်းကူပေးကြတယ် ။


ဒါပေမယ့် တချို့အမျိုးသမီးတွေမှာတော့ ဒီလိုအားပေးကူညီမှုတွေ မရနေပါဘူး။ သူ့အလုပ်တွေ သူ့ဟာသူ လုပ်ရတယ်။ အိမ်အလုပ်တွေလည်း ၀င်ကူရတယ်။ ကလေးဝေယျာ၀စ္စလည်း သူပဲလုပ်ရပါတယ်။


အမျိုးသားက ဒါတွေ သူနဲ့မဆိုင်ဘူးလို့ ပြောတယ်။ ပိုက်ဆံရှာရမယ့် အလုပ်ကိုပဲ လုပ်တယ်။ ပဲခူးတိုင်း၊ ကျောက်တန်းကျေးရွာ အုပ်စုထဲက အမျိုးသမီးတစ်ယောက်ရဲ့ အဖြစ်အပျက်ကတော့ အဲဒီထက်တောင် ပိုပါသေးတယ်။


တစ်ရက်မှာ Win-Win Organization ဆေးကုသနေတဲ့ဆီကို သူ ရောက်လာပါတယ်။ ကလေးမွေးပြီးတာ ၁၀ ရက်ပဲ ရှိသေးတယ်။ သူ့မိန်းမကိုယ် အောက်ပိုင်းမှာ အနာဖြစ်လို့တဲ့ ။


အဖွဲ့ရဲ့ ဆရာ၀န်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ ဆုဇင်၀င်းသန်းက စစ်ဆေးကြည့်လိုက်တော့ ကလေးမွေးပြီး ပြန်ချုပ်ထားတဲ့နေရာက ကွဲနေတာ။ ပိုးတွေ၀င်ပြီး အနံ့အသက်လည်း တော်တော်မကောင်းတော့ဘူး ။


ဒါနဲ့ ပိုးသတ်ဆေးပေးရုံနဲ့ မရဘဲ ဆေးရုံကိုသွားမှ ဖြစ်တော့မယ်ဆိုတာ သိလိုက်တယ်။ အိမ်မှာမွေးပြီး သေသေချာချာ မချုပ်ခဲ့လို့ ပိုး၀င်တာလား အထင်နဲ့ မေးလိုက်တော့ အင်မတန် စိတ်ပျက်အံ့သြရတဲ့ အဖြစ်အပျက်တစ်ခုကို ကြားသိလိုက်ရပါတယ် ။


ကလေးမွေးပြီး ၃ ရက်မြောက်နေ့မှာ သူ့ယောကျာ်းက အတင်းအကြပ် ဆက်ဆံသွားတာတဲ့လေ။ သြော်..လို့ပဲ အားလုံးက စုပ်သတ်နိုင်ခဲ့တော့တယ်။ လူတွေက ပြောကြတယ်၊ လင်မယားကြားပါဆိုမှ မုဒိမ်းမှုဆိုတာ ဘယ်ရှိမှာလဲတဲ့ ။


ကာမပိုင်ယောကျာ်းလို့လည်းသုံးနှုန်းကြသေးတော့ အိမ်ထောင်ပြုပြီးသွားရင် ဒီအမျိုးသမီးရဲ့ကာမကို သူ့ယောကျာ်းက ပိုင်သွားပြီလို့ ထင်တတ်ကြတာကိုး။ တကယ်တော့ မုဒိမ်းမှုဆိုတာ လင်မယားဖြစ်ခြင်း၊ ချစ်သူဖြစ်ခြင်းနဲ့ မသက်ဆိုင်ဘဲ ခွင့်ပြုမပြု ဆိုတဲ့အပေါ်ပဲ အခြေခံစဉ်းစားရတဲ့ အရာမျိုးပါ ။


ကလေးမွေးပြီးစ အင်အားချိနဲ့နေတဲ့ အမျိုးသမီးတစ်ယောက်ကို ဒီလိုပြုမူတာဟာ ဘယ်လိုနည်းနဲ့မှ လက်ခံနိုင်စရာ မရှိပါဘူး။ ဘာကြောင့် ဒီလိုလုပ်ရတယ် ဆိုတာလည်း စဉ်းစားလို့တောင်မရပါဘူး ။


အဲဒါနဲ့ ဆေးရုံကိုလွှဲ၊ သွားဖို့ ပိုက်ဆံမရှိဘူး ဆိုတဲ့အတွက် ငွေကြေးပါထောက်ပံ့ပေးပြီး ပြန်လွှတ်လိုက်ရတယ်။ နောက်ထပ်တစ်ခါ အဲ့ဒီရွာလေးကို ရောက်တော့ ဒီအမျိုးသမီးအကြောင်း သတိတရမေးတယ်။ ဆေးရုံသွားပြပြီး နေကောင်းနေပြီလားဆိုတော့ ဆုံးသွားရှာပြီတဲ့ ။


ဘာလို့လဲ၊ ဆေးရုံအရောက် နောက်ကျလို့လားဆိုတော့ သွားကိုမသွားလိုက်ရတာ။ Win-Win နဲ့ တွေ့ပြီး သူအိမ်ပြန်သွားတယ်။ ဆေးရုံသွားဖို့ လိုကြောင်း အိမ်ကိုပြောပြပြီးတဲ့အချိန်မှာ ယောက္ခမဖြစ်သူက Win-Win က ပေးလိုက်တဲ့ ထောက်ပံ့ငွေကို သိမ်းလိုက်တယ် ။

ပြီးတော့ နင် ဆေးရုံသွားစရာ မလိုဘူးတဲ့၊ နင် ဆေးရုံတက်ရင် အိမ်မှာ ကလေးကို ဘယ်သူထိန်းမလဲဆိုတဲ့ အကြောင်းပြချက်ကို ပေးတယ်။ အဲ့ဒီလိုနဲ့ ဒီလောက်ဆိုးဆိုးရွားရွား ပိုး၀င်နေတဲ့ အခြေအနေမျိုးမှာ ဆေးရုံတောင် မရောက်လိုက်ရဘဲ အိမ်မှာတင် အသက်ဆုံးရှုံး လိုက်ရတယ် ။


ပြီးတော့ နင် ဆေးရုံသွားစရာ မလိုဘူးတဲ့၊ နင် ဆေးရုံတက်ရင် အိမ်မှာ ကလေးကို ဘယ်သူထိန်းမလဲဆိုတဲ့ အကြောင်းပြချက်ကို ပေးတယ်။ အဲ့ဒီလိုနဲ့ ဒီလောက်ဆိုးဆိုးရွားရွား ပိုး၀င်နေတဲ့ အခြေအနေမျိုးမှာ ဆေးရုံတောင် မရောက်လိုက်ရဘဲ အိမ်မှာတင် အသက်ဆုံးရှုံး လိုက်ရတယ် ။


ဒီလို အနိုင်ကျင့်တဲ့ လုပ်ရပ်မျိုးလုပ်ပြီး အေးအေးဆေးဆေး နေနေလို့ရောရတယ်တဲ့လား …?


Crd.......

Comments