လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရွှေဝယ်ယူဟန် ဆောင်၍ ရွေဆွဲကြိုး (၁)ကုံး လုယူ ထွက်ပြေးသူကို ဖမ်းဆီးရမိ

 လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရွှေဝယ်ယူဟန်

ဆောင်၍ ရွေဆွဲကြိုး (၁)ကုံး လုယူ ထွက်ပြေးသူကို 

ဖမ်းဆီးရမိ



ရန်ကုန်၊ စက်တင်ဘာ ၁


 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ

တပ်ဖွဲ့ဝင်များသည် ၂၉.၈.၂၀၂၀ ရက်နေ့ ၁၀၃၀ အချိန် 

လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်အတွင်း ခိုး၊ဆိုး၊လု၊နှိုက်

သတင်းများ စုံစမ်းဆောင်ရွက်နေစဉ် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၃)ရပ်ကွက်၊ ပီမိုးနင်းလမ်း နေ မသူဇာလင်း ကို ဗိုလ်အောင်ကျော် လမ်းနှင့် ရန်ကုန်-ညောင်တုန်းလမ်းထောင့်၌ ရွှေဆွဲကြိုးအပြတ်(၁)ကုံး(၁ပဲ၊ ၅ရွေးခန့်ရှိ) ကို ကိုင်ဆောင်၍ ထွက်ပြေးလာစဉ် မသင်္ကာသဖြင့် ခေါ်ယူစစ်ဆေးရာ 

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ မီးခွက်ဈေးအတွင်းရှိ ရွှေဆိုင်တစ်ဆိုင်မှ ရွှေဝယ်ယူဟန်ဆောင်၍ ဆွဲယူထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဖမ်းဆီးခဲ့ပြီး ၎င်းအား ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။



Comments