တိုင်ကြားထားတဲ ့ စည်ပင်ဥပဒေချိုးဖောက်မှုတွေကို အရေးယူမှုမရှိတာကြောင့် ပြည်မြို့စည်ပင်အမှုဆောင်အရာရှိနဲ့စည်ပင်ကော်မတီဥက္ကဌကို တစ်ကိုယ်တော် ဆန္ဒပြ”
“တိုင်ကြားထားတဲ ့ စည်ပင်ဥပဒေချိုးဖောက်မှုတွေကို အရေးယူမှုမရှိတာကြောင့် ပြည်မြို့စည်ပင်အမှုဆောင်အရာရှိနဲ့စည်ပင်ကော်မတီဥက္ကဌကို တစ်ကိုယ်တော် ဆန္ဒပြ”
ကျော်နေထွန်း
General life
၂၀၂၀ စက်တင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့ မှာစည်ပင်ဥပဒေချိုးဖောက်နေမှုတွေကို တင်ပြတိုင်ကြားခဲ့ပေမယ့် အရေးယူဆောင်ရွက်ပေးခြင်းမရှိတဲ့အတွက် ပြည်
မြို့၊ မြို့နယ် စည်ပင်သာယာရေး ရုံးရှေ့မှာ ဒီကနေ ့ စက်တင်ဘာလ ၁ရက် မနက် ၁၀ နာရီ က ကိုဝင်းလှိုင် ဆိုသူ ကတစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ပြည်မြို့မှာရှိတဲ့ အောင်ဇော်ဦးဆေးရုံ၊ပြည်မြန်မာဆေးရုံ၊ ရွှေဟင်္သါ အိမ်ဆောက် ပစ္စည်းအရောင်းဆိုင်၊ရွှေမင်းသမီး စတိုး တို့က စည်ပင်ပိုင်မြေပေါ်မှာ ကိုယ်ပိုင်မီးစက် များထားခြင်း၊ကိုယ်ပိုင်ထရန်စဖော်မာထားခြင်း၊ကိုယ်ပိုင်အမှိုက်ကန်များ၊ အခိုင်အမာ အမိုးများဆောက်လုပ်ထားခြင်း၊အိမ်ဆောက်ပစ္စည်းဆိုင်မှ သံများအား လမ်းပေါ်ပုံထား ခြင်းများအား ဇူလိုင်လ ၉
ရက်နေ့က စည်ပင်အမှုဆောင်အရာ ရှိနဲ့စည်ပင်ကော်မ တီဥက္ကဌ တို့ထံတင်ပြတိုင်ကြားထားခဲ ့ပေမယ့် ခုချိန်ထိအရေး ယူပေးခြင်း မရှိသေးတာကြောင့် ဆန္ဒ ဖော်ထုတ်ခြင်းဖြစ်တယ်လို ့သိရပါတယ်။
တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်သူ ကို၀င်းလှိုင် က "ပြည်မြို့မဈေးကြီးကစက်ဘီး ရုံနဲ့တွဲလျှက်မှာရှိတဲ့ဈေးဆိုင်ပေါင်း ၃၀ခန့်ကို စည်ပင်ကဖျက်ဖို့လုပ်တယ်၊အဲ့တာကို ကျွန်တော်တို့က မိုးတွင်းကြီးမို့လို့မဖျက်ပါနဲ့ဦးလို့တောင်းဆိုတယ်၊အဲ့ဒါ ကျတော့ စည်ပင်အမှုဆောင်အရာရှိ ဦးအောင်မြင့်ဌေးက ကျွန်တော်တို့က ဥပဒေအတိုင်းဘဲ တိုင်ရင်လုပ်တယ်လို့ပြောတယ်၊အဲ့တာကြောင့် ၉ရက်၇လမှာ ၂၀၂၀ မှာ အောင်ဇော်ဦး ဆေးရုံ၊ပြည်မြန်မာဆေးရုံ၊ရွှေမင်းသမီးစတိုး၊ရွှေဟင်္သါအိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တို့ဟာ စည်ပင်တည်ဆဲဥပဒေဖြစ်တဲ့ စည်ပင်ပိုင်မြေပေါ်မှာကိုယ်ပိုင် ထရန်စဖော်မာတွေ ဆောက်တယ်၊ကိုယ်ပိုင်မီးစက်တွေထားတယ်၊ကိုယ်ပိုင်အမှိုက်ကန်တွေလုပ်တယ်၊ရှေ့အမိုးတွေ အခိုင်အမာဆောက်ထားတယ်၊အိမ်ဆောက်ပစ္စည်းဆိုင် က သံတွေကို လမ်းပေါ် မှာ ပုံထားတယ် ၊အဲ့တာတွေကိုအရေးယူပေးဖို့၊ မြစ်သဲကျောက်တင်တဲ့ကား တွေကြောင့်လမ်းတွေပျက်တယ်၊အဲ့တာတွေကို အရေးယူပေးဖို့တင်ပြတိုင်ကြားခဲ့တာ ခုချိန်ထိ နှစ်လနည်းပါးသာ ကြာတယ် ကျွန်တော့်ကို ခေါ်ယူမေးမြန်းတာ အရေးယူပေး တာတွေမရှိသေးဘူး ၊ဆင်းရဲတဲ့သူကိုတိုင်တော့ လမ်းဘေးက ကွမ်းယာဆိုင်ကို ဖျက်ဖို့ သူတို့မှာသတ္တိရှိတယ်၊ချမ်းသာတဲ့သူကိုတိုင်တော့ လေတောင်မဟရဲဘူး၊ ဖမ်းရဲတဲ့သတ္တိ မရှိကြဘူး”လို့ ဆန္ဒဖော်ထုတ် ရတဲ ့အကြောင်းရင်းကို ပြောပါတယ်။
ဆက်လက်ပြီး"စည်ပင်ကော်မတီ ဥက္ကဌ ဒေါ်သန်းသန်းဝေနဲ့ ရက်ရာဇာ အမှိုက်သိမ်း ဝန်ဆောင်မှုကော်မတီနဲ့ စာချုပ်ချုပ် ဖို့အဆင်မပြေတော့ ပြည်သူနဲ့ရန်တိုက်ပေး တယ်၊ ကျွန်တော်တို့ပြည်သူလူထုရယ် ၊ရက်ရာဇာကုမ္မဏီ က ကိုယ်စားလှယ်တွေရယ် အကြိတ် အနယ်စကားပြောခဲ့ရတယ်၊ ရက်ရာဇာနဲ့ စည်ကော်ဥက္ကဌ ဒေါ်သန်းသန်းဝေ နဲ့အဆင်ပြေလို့ လက်မှတ်ထိုးစာချုပ်ချုပ်တဲ့အခါ ကျတော့ ပြည်သူကို ကျွန်မတို့ဘာ လုပ်ထားတယ်၊ပြည်သူတွေအတွက်အာမခံချက်ဘာတွေ ရှိတယ်ဆိုတာကို ချမပြဘူး၊ ရန်တိုက်ပေးပြီး သူလုပ်ချင်တာလုပ်သွားတာ အဲ့ဒါကြောင့်သူ ့ကိုဆန္ဒပြတာ” လို့ လည်း ကိုဝင်းလှိုင်က ထပ်ဆင့်ပြောကြားခဲ့ပါသေးတယ်။
ဒီ ဆန္ဒဖော်ထုတ်မှုကို အရေးယူဆောင်ရွက်ပေးမှုမရှိမချင်း အဆိုပါဝန်ထမ်းမျိုးတွေ ပြည်မြို့မှာရှိနေသရွေ့ အပတ်စဉ်အင်္ဂါနေ ့တိုင်း ဆန္ဒပြမှု ကို ဆက်လက် လုပ်ဆောင် သွားမယ်လို့လည်းသိရပါတယ်။
အခု တစ်ကိုယ်တော် ဆန္ဒပြတဲ ့ ကို၀င်းလှိုင်ဆိုသူဟာ လက်ရှိအချိန်မှာတစ်နိုင်တစ်ပိုင် ၀က်မွေးမြူရေးလုပ်ကိုင် နေသူဖြစ်ပြီး ပြည်မဲဆန္ဒနယ် ရဲ ့ပြည်သူ ့လွှတ်တော် ကိုယ်စားလှယ်လောင်း (တစ်သီး ပုဂ္ဂလ) နေရာမှာ ၀င်ရောက် အရွေးချယ်ခံမယ့် သူလည်း ဖြစ်ပါတယ်။.
Comments
Post a Comment