ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အလှပြင်ဆိုင်အတွင်းသို့ဝင်ရောက်၍ ခြိမ်းခြောက်ပြီး ငွေများ တောင်းခံသူ(၂)ဦးကို အချိန်တိုအတွင်းဖမ်းဆီးရမိ ရန်ကုန်၊ ဩဂုတ် ၁၀ အမှုမှာ ၁.၈.၂၀၂၀ ရက်နေ့ ၂၁၃၀ အချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၇) ရပ်ကွက်၊ ပြည်ထောင်စုလမ်း၊ အမှတ်(၅၂၀)ရှိ ၎င်း၏ အလှပြုပြင်ရေးဆိုင်၌ တရားလို ဦး----သည် ဆိုင်ပိတ်၍ ၎င်း၏မန်နေဂျာနှင့်အတူ လချုပ်စာရင်းများပြုလုပ်နေစဉ် Mask တပ်ဆင်ထားသော အမည်မသိ အမျိုးသား(၂)ဦးသည် ငှက်ကြီးတောင်ဓါးနှင့် ဘီယာပုလင်းခွံတို့ကို ကိုင်ဆောင်ကာ ဝင်ရောက်လာပြီး ‘‘မင်းတို့ဆီမှာ ရှိတဲ့ပိုက်ဆံထုတ်ပေး၊ မပေးရင်သတ်ပစ်မယ်” ဟု ခြိမ်းခြောက်ပြောဆိုသဖြင့် တရားလိုမှ ကောင်တာစားပွဲပေါ်တွင်တင်ထားသော ငွေ(၁၈၃,၀၀၀)ကျပ်ကို ထုတ်ပေးခဲ့ရကြောင်း၊ အဆိုပါ ငွေများ ခြောက်လှန့်ရယူသွားသူ(၂)ဦးကို စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း သို့ ၅.၈.၂၀၂၀ ရက်နေ့ ၁၇၂၀ အချိန်တွင် အမှုဖွင့်တိုင်တန်းမှုဖြစ်ပါသည်။ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ရပ်နှင့် ပတ်ဝန်းကျင်သက်သေများထံမှ စုံစမ်းစစ်ဆေးချက်များအရ ပြစ်မှုကျူးလွန်သူနှစ်ဦးမှာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၂၄)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ အမှတ်(၄) နေ ဝဏ္ဏ(ခ)သက်ပိုင်ထွန်း နှင့် မြောက်ဥက္ကလာပမြို့နယ်၊ (ဆ)ရပ်ကွက်၊ သုနန္ဒာ(၁၂)လမ်း၊ အမှတ်(၁၇၀) နေ ချမ်းငြိမ်း(ခ)ခေါလေး တို့ဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် ဖမ်ဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၅.၈.၂၀၂၀ ရက်နေ့ ၁၈၀၀ အချိန်တွင် ၎င်းတို့၏ နေအိမ်အသီးသီး၌ သက်သေခံပစ္စည်း ငွေ(၁၈၃,၀၀၀)ကျပ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့(၂)ဦး ကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

 ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ  အလှပြင်ဆိုင်အတွင်းသို့ဝင်ရောက်၍ ခြိမ်းခြောက်ပြီး ငွေများ တောင်းခံသူ(၂)ဦးကို အချိန်တိုအတွင်းဖမ်းဆီးရမိ


ရန်ကုန်၊ ဩဂုတ် ၁၀



 အမှုမှာ ၁.၈.၂၀၂၀ ရက်နေ့ ၂၁၃၀ အချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၇) ရပ်ကွက်၊ ပြည်ထောင်စုလမ်း၊ အမှတ်(၅၂၀)ရှိ ၎င်း၏ အလှပြုပြင်ရေးဆိုင်၌ တရားလို ဦး----သည် ဆိုင်ပိတ်၍ ၎င်း၏မန်နေဂျာနှင့်အတူ လချုပ်စာရင်းများပြုလုပ်နေစဉ် Mask တပ်ဆင်ထားသော အမည်မသိ အမျိုးသား(၂)ဦးသည် ငှက်ကြီးတောင်ဓါးနှင့် ဘီယာပုလင်းခွံတို့ကို ကိုင်ဆောင်ကာ ဝင်ရောက်လာပြီး ‘‘မင်းတို့ဆီမှာ ရှိတဲ့ပိုက်ဆံထုတ်ပေး၊ မပေးရင်သတ်ပစ်မယ်” ဟု ခြိမ်းခြောက်ပြောဆိုသဖြင့် တရားလိုမှ ကောင်တာစားပွဲပေါ်တွင်တင်ထားသော ငွေ(၁၈၃,၀၀၀)ကျပ်ကို ထုတ်ပေးခဲ့ရကြောင်း၊ အဆိုပါ ငွေများ ခြောက်လှန့်ရယူသွားသူ(၂)ဦးကို စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း သို့ ၅.၈.၂၀၂၀ ရက်နေ့ ၁၇၂၀ အချိန်တွင် အမှုဖွင့်တိုင်တန်းမှုဖြစ်ပါသည်။


 ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ရပ်နှင့် ပတ်ဝန်းကျင်သက်သေများထံမှ စုံစမ်းစစ်ဆေးချက်များအရ ပြစ်မှုကျူးလွန်သူနှစ်ဦးမှာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၂၄)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ အမှတ်(၄) နေ ဝဏ္ဏ(ခ)သက်ပိုင်ထွန်း နှင့် မြောက်ဥက္ကလာပမြို့နယ်၊ (ဆ)ရပ်ကွက်၊ သုနန္ဒာ(၁၂)လမ်း၊ အမှတ်(၁၇၀) နေ ချမ်းငြိမ်း(ခ)ခေါလေး တို့ဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် ဖမ်ဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၅.၈.၂၀၂၀ ရက်နေ့ ၁၈၀၀ အချိန်တွင် ၎င်းတို့၏ နေအိမ်အသီးသီး၌ သက်သေခံပစ္စည်း ငွေ(၁၈၃,၀၀၀)ကျပ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့(၂)ဦး ကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Comments