ဖိလစ်ပိုင်နိုင်ငံသို့ DHL (အမြန်ချောပို့)ဖြင့် ပို့ဆောင်မည့် ငွေကျပ် ၇၆၅.၅ သိန်းတန်ဖိုးရှိ အိုက်စ် (မက်အက်ဖက် တမင်း)များနှင့် ပါဝင်ပတ်သက်သော နိုင်ဂျီးရီးယားနိုင်ငံသားများ ဖမ်းဆီးရမိ

...............................................................................
နေပြည်တော်။ ဩဂုတ် ၂၃
ဩဂုတ်လ ၁၉ ရက်နေ့ နေ့လည်ပိုင်းတွင် လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက်၊ အင်းစိန် လမ်းမကြီးပေါ်ရှိ DHL ရုံးသို့ ပါဆယ်ပစ္စည်းလာရောက်ပို့ဆောင်မှု၌ မသင်္ကာဖွယ်ရာပါဆယ်ထုပ်တွေ့ရှိကြောင်း သတင်းပို့ချက်အရ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ပါဆယ်ထုပ်လာရောက်ပို့ဆောင်သူ မမြင့်မြင့်ငြိမ်း(ခ)မိုးမိုး(၃၈)နှစ်၊ ဒေါ်မြင့်မြင့်ငြိမ်း(၅၆)နှစ်နှင့် သိန်းထွန်း(၃၄)နှစ် တို့ ၃ ဦးအားတွေ့ရှိပြီး ပါဆယ်ထုပ်တွင် ပေးပို့သူလိပ်စာ၌ Ma Cho Zin Htoo, No 6, Shwe Hnin Street, Sher Mya Yar Industrial Zone, Hmawbi Tsp, Yangon, Myanmarနှင့် လက်ခံသူလိပ်စာ၌ TONABEL P-SAN, REDRO 036 PUROK 2 LOURDE S LUBAO PAMPANFA2005-LUBAO.PM PAMPANGA-PHILIPPNES ဟုဖော်ပြပါရှိပြီး ပါဆယ်ထုပ်အားစစ်ဆေးရာ ကလေးစီးသည့် ကားနှင့် ၎င်းကားဘီး ၄ ဘီးအတွင်းမှ အိုက်စ်(မက်အက်ဖက်တမင်း)သုညဒသမ ၉၅၇ ကီလိုသိမ်းဆည်းရမိခဲ့၍ ကွင်းဆက်ဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးများ ပို့ဆောင်ခိုင်းသူ နိုင်ဂျီးရီးယားနိုင်ငံသား Mr. OBUMKAEMERE KELECHI THANKGOD (၃၂)နှစ်အား ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရွှေနှင်းဆီအိမ်ရာ၊ အမှတ်(၆၁)ရပ်ကွက်၊ တိုက်(B-3)၊ အခန်း(၁၅၀၇)တွင် ဖမ်းဆီးရမိခဲ့သဖြင့်စစ်ဆေးရာ ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံမှ နိုင်ဂျီးရီးယားနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားသူ Mr. Agu Chukwunonso Peter မှ ဖိလစ်ပိုင်နိုင်ငံရှိ ၎င်း၏ဇနီးဖြစ်သူထံ အဆိုပါပါဆယ်ထုပ်အား ပေးပို့ခိုင်းခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပါသည်။
Mr. OBUMKAEMERE KELECHI THANKGOD ငှားရမ်းနေထိုင်သည့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ နေအိမ်ကို ဝင်ရောက်စစ်ဆေးစဉ် ၎င်းနှင့်အတူ နိုင်ဂျီရီးယားနိုင်ငံသား Mr.DURU TOCHUKWU CHRISTIAN၊ ၂၂ နှစ်၊ Mr. IZIGA INNOCENT CHINONSO၊ ၂၄ နှစ်နှင့် Mr.OBIEFUNA BENJAMIN TOCHUKWU၊ ၃၁ နှစ် တို့ကိုလည်း တွေ့ရှိစစ်ဆေးရာ ဗီဇာသက်တမ်းကျော်လွန်နေထိုင်ကြောင်း ပေါ်ပေါက်သဖြင့် ၎င်းတို့ကိုလည်း မြန်မာနိုင်ငံလူဝင်မှု ကြီးကြပ်ရေးအက်ဥပဒေအရ ဆက်လက်အရေးယူမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(Unicode)
ဖိလစ်ပိုင်နိုင်ငံသို့ DHL (အမြန်ချောပို့)ဖြင့် ပို့ဆောင်မည့် ငွေကျပ် ၇၆၅.၅ သိန်းတန်ဖိုးရှိ အိုက်စ် (မက်အက်ဖက် တမင်း)များနှင့် ပါဝင်ပတ်သက်သော နိုင်ဂျီးရီးယားနိုင်ငံသားများ ဖမ်းဆီးရမိ
.....................................................................................
နေပြည်တော်။ ဩဂုတ် ၂၃
ဩဂုတ်လ ၁၉ ရက်နေ့ နေ့လည်ပိုင်းတွင် လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက်၊ အင်းစိန် လမ်းမကြီးပေါ်ရှိ DHL ရုံးသို့ ပါဆယ်ပစ္စည်းလာရောက်ပို့ဆောင်မှု၌ မသင်္ကာဖွယ်ရာပါဆယ်ထုပ်တွေ့ရှိကြောင်း သတင်းပို့ချက်အရ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ပါဆယ်ထုပ်လာရောက်ပို့ဆောင်သူ မမြင့်မြင့်ငြိမ်း(ခ)မိုးမိုး(၃၈)နှစ်၊ ဒေါ်မြင့်မြင့်ငြိမ်း(၅၆)နှစ်နှင့် သိန်းထွန်း(၃၄)နှစ် တို့ ၃ ဦးအားတွေ့ရှိပြီး ပါဆယ်ထုပ်တွင် ပေးပို့သူလိပ်စာ၌ Ma Cho Zin Htoo, No 6, Shwe Hnin Street, Sher Mya Yar Industrial Zone, Hmawbi Tsp, Yangon, Myanmarနှင့် လက်ခံသူလိပ်စာ၌ TONABEL P-SAN, REDRO 036 PUROK 2 LOURDE S LUBAO PAMPANFA2005-LUBAO.PM PAMPANGA-PHILIPPNES ဟုဖော်ပြပါရှိပြီး ပါဆယ်ထုပ်အားစစ်ဆေးရာ ကလေးစီးသည့် ကားနှင့် ၎င်းကားဘီး ၄ ဘီးအတွင်းမှ အိုက်စ်(မက်အက်ဖက်တမင်း)သုညဒသမ ၉၅၇ ကီလိုသိမ်းဆည်းရမိခဲ့၍ ကွင်းဆက်ဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးများ ပို့ဆောင်ခိုင်းသူ နိုင်ဂျီးရီးယားနိုင်ငံသား Mr. OBUMKAEMERE KELECHI THANKGOD (၃၂)နှစ်အား ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရွှေနှင်းဆီအိမ်ရာ၊ အမှတ်(၆၁)ရပ်ကွက်၊ တိုက်(B-3)၊ အခန်း(၁၅၀၇)တွင် ဖမ်းဆီးရမိခဲ့သဖြင့်စစ်ဆေးရာ ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံမှ နိုင်ဂျီးရီးယားနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားသူ Mr. Agu Chukwunonso Peter မှ ဖိလစ်ပိုင်နိုင်ငံရှိ ၎င်း၏ဇနီးဖြစ်သူထံ အဆိုပါပါဆယ်ထုပ်အား ပေးပို့ခိုင်းခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပါသည်။
Mr. OBUMKAEMERE KELECHI THANKGOD ငှားရမ်းနေထိုင်သည့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ နေအိမ်ကို ဝင်ရောက်စစ်ဆေးစဉ် ၎င်းနှင့်အတူ နိုင်ဂျီရီးယားနိုင်ငံသား Mr.DURU TOCHUKWU CHRISTIAN၊ ၂၂ နှစ်၊ Mr. IZIGA INNOCENT CHINONSO၊ ၂၄ နှစ်နှင့် Mr.OBIEFUNA BENJAMIN TOCHUKWU၊ ၃၁ နှစ် တို့ကိုလည်း တွေ့ရှိစစ်ဆေးရာ ဗီဇာသက်တမ်းကျော်လွန်နေထိုင်ကြောင်း ပေါ်ပေါက်သဖြင့် ၎င်းတို့ကိုလည်း မြန်မာနိုင်ငံလူဝင်မှု ကြီးကြပ်ရေးအက်ဥပဒေအရ ဆက်လက်အရေးယူမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Comments
Post a Comment