ပုသိမ်မြို့ရဲ့ အကြီးမားဆုံး ဂျင်လောင်းကစားဝိုင်း တိုင်းရဲတပ်ဖွဲ့မှူးကိုယ်တိုင်ဝင်ဖမ်း
အမျိုးသမီး ၄ဦးအပါအဝင် ၃၄ဦးကိုဖမ်းမိ
====================
ဧရာဝတီတိုင်းမ်
ပုသိမ်၊ ဩဂုတ် ၂၀ ရက်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ အမှတ် ၆ ရပ်ကွက်၊ ရွေးဗိုလ်တပ် အတွင်းလမ်းမှာ ဩဂုတ် ၂၀ ရက်နေ့ ညနေပိုင်းက ဂျင်လောင်းကစားဝိုင်းကို တိုင်းရဲတပ်ဖွဲ့မှူ းကိုယ်တိုင် ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဂျင်ဝိုင်းဝင်ရောက်ဖမ်းဆီးချိန်မှာ လောင်းကြေးငွေ သိန်း ၁၀၀ ကျော်နဲ့အတူ အမျိုးသမီး ၄ ဦးအပါအဝင် စုစုပေါင်း ၃၄ ဦးကို ဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောဆိုပါတယ်။
ဂျင်ဝိုင်းဝင်ဖမ်းချိန်မှာ နှစ်လုံးထီလောင်းကစားဒိုင် ပြုလုပ်နေသူကိုလည်း ဖမ်းမိခဲ့သလို ဒါဟာပုသိမ်မြို့ရဲ့ အကြီးမားဆုံး လောင်းကစားဝိုင်းလည်းဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
Comments
Post a Comment