ဘားအံမြို့တွင် လူသတ်မှုဖြစ်ပွား၍ တရားခံများအား
နာရီပိုင်းအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ
ဘားအံ၊ သြဂုတ် ၂၈
၂၇-၈-၂၀၂၀ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ဘားအံမြို့မရဲစခန်းမှူး ဒုရဲမှူး စိုင်းဝဏ္ဏအောင် စခန်းမှူးတာဝန်ထမ်းဆောင်နေစဉ် လူ(၃)ဦးမှာ ထိုးသွင်းဒဏ်ရာများဖြင့် ဘားအံပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ကြည့်ရှု့စစ်ဆေးရာ ဘားအံမြို့ အမှတ်(၅)ရပ်ကွက်၊ လျှပ်/စက် အမှတ်(၁၅၁) အတွင်း ဆောက်လုပ်ရေးအလုပ်ဆိုဒ်တွင် အလုပ်လုပ်နေသော အလုပ်သမားခေါင်းဆောင် ကိုကျော်ဆန်းဝင်းတွင် ရင်ညွှန့် ယာဘက်ထိုးသွင်းဒဏ်ရာတစ်ချက်၊ ဝဲဘက်နားရွက်တွင် ပြတ်ရှဒဏ်ရာ(၁)ချက်၊ ဦးမင်းသိန်းတွင် ဝဲဘက် ဝမ်းဗိုက် ဓားထိုးသွင်းဒဏ်ရာ(၂)ချက်၊ ကိုရဲထွန်း တွင် ယာဘက်ခါးပြတ်ရှဒဏ်ရာ(၁)ချက် အသီးသီးဒဏ်ရာများရရှိခဲ့ပြီး ဦးမင်းသိန်းမှာ ထိုးသွင်းဒဏ်ရာများဖြင့် ဆေးရုံသို့တင်ပို့နေစဉ် သေဆုံးသွားသဖြင့် တရားခံများဖမ်းဆီးရမိရေးအတွက် ပြည်နယ်ရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်အရ မှုခင်းအကူဌာနစုမှ ရဲအုပ် စိုင်းကျော်သီဟအောင် ဦးစီးအဖွဲ့များ၊ မြို့မရဲစခန်းမှူး ဒုရဲမှူး စိုင်းဝဏ္ဏအောင် ဦးစီးနယ်ထိန်းတပ်ဖွဲ့ဝင်များမှ သက်သေများနှင့်အတူ အခင်းဖြစ်ရပ်သို့သွားရောက်ကြည့်ရှုစစ်ဆေးမေးမြန်းရာ ဖြစ်စဉ်မှာ အလုပ်ဆိုဒ်တွင်အလုပ်လုပ်နေသော အလုပ်သမား မင်းသူအောင်၊ ရဲမင်းထွေးတို့သည် တရားခံများဖြစ်သော အမှတ်(၅၇) မအူပင်ရွာသစ်၊ ဒိုက်ဦးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးနေ အောင်ကိုကို(ခ)ကိုလတ် (၂၆)နှစ် (ဘ)ဥှီးခင်မောင်လွင် နှင့် ကျွန်းချောင်းကျေးရွာ၊ တိုက်ကြီးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေ ငတေ(ခ)လက်ယာ (၄၀)နှစ် (ဘ)ဦးနေဝင်းတို့နှစ်ဦးအတွက် ထမင်းထုပ်များသွားရောက်ပို့ပေးစဉ် အိပ်ယာပေါ်ထမင်းများဖိတ်ကျသည့်ကိစ္စနှင့်စကားများကြစဉ် အလုပ်သမားခေါင်းဆောင် ကိုကျော်ဆန်းဝင်းမှလာရောက်ဖြေရှင်းပေးစဉ် အောင်ကိုကို(ခ)ကိုလတ် မှ ချွန်ထက်သည့်အရာဖြင့် ဦးမင်းသိန်း၊ ကိုကျော်ဆန်းဝင်း၊ ရဲထွန်း တို့အားထိုးပြီးထွက်ပြေးသွားကြောင်း သိရှိရသဖြင့် တရားခံများ၏ ပုံပန်းသဏ္ဍာန်များမေးမြန်းကာ ဘားအံမြို့ပေါ်ရပ်ကွက်များအတွင်းသို့ ဖြန့်ကျက်ရှာဖွေရာ (၂၂၀၀)အချိန်တွင် အမှတ် (၉)ရပ်ကွက် ရွှေဖားစည်အိမ်ယာ( ၁)အဝင်လမ်း၊ ပြည်နယ်ကမဌာန်း ကျောင်းဝန်း ညောင်ပင်အောင်တွင် ပုန်းအောင်းနေစဉ် ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဘားအံမြို့မရဲစခန်း (ပ)၃၉၁/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၂၆/၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။
Comments
Post a Comment