ပေါင်းတည်မြို့တွင် လင်မယားနှစ်ဦး ကြိုးတစ်ချောင်းတည်းအသုံးပြု၍ ကြိုးဆွဲချ သေဆုံး
ပေါင်းတည်၊ ဩဂုတ် ၂၃
ယနေ့ ဩဂုတ်လ (၂၃)ရက်နေ့ နေ့လည်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း ပေါင်းတည်မြို့နယ်အပိုင် ပေါက်မှော်အုပ်စု ညောင်ကပ်ပင်ကျေးရွာရှိ ဦးကျော်လင်း(အသက်_33)နှင့် ဒေါ်စန္ဒာ(အသက်- 39)တို့ လင်မယားနှစ်ဦးမှာ နေအိမ်တွင် ထုတ်တန်းကိုအသုံးပြု၍ ကြိုးတစ်ချောင်းတည်းကို အသုံးပြု၍ ကြိုးဆွဲချလျှက်အနေထားဖြင့် သေဆုံးလျှက်ရှိကြောင်း ကနဦးသတင်းရရှိသည်။
ကြိုးဆွဲ
ချသေဆုံးနေသူ လင်မယားနှစ်ဦးမှာ လွန်ခဲ့သည် ရက်ပိုင်းက သေဆုံးတာဖြစ်ပြီး အလောင်းမှာ အနံ့သက်များ ထွက်လျှက်ရှိကြောင်းနှင့် မည်သည့်အကြောင်းကြောင့် သေဆုံးသည်ကို မသိရှိရသေးပါ။အဆိုပါ သေဆုံးမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ပေါင်းတည်မြို့မရဲစခန်းမှ သတင်းရလျှင်ရခြင်း စုံစမ်းစစ်ဆေးခြင်းများဆောင်ရွက်လျှက်ရှိကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် ၇/၂ဝ၂ဝဖြင့်အမှုဖွင့်ထားရှိကာ ရဲလုပ်ငန်းများနှင့်အညီဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
Comments
Post a Comment