၁၀တန်း မအောင်သဖြင့် ကျောင်းသားတစ်ဦးကြိုးဆွဲချ သေဆုံးမှု ဝန်းသိုမြို့နယ် ထန်းပင်ကုန်းကျေးရွာတွင်ဖြစ်ပွာ

 ၁၀တန်း မအောင်သဖြင့် ကျောင်းသားတစ်ဦးကြိုးဆွဲချ သေဆုံးမှု ဝန်းသိုမြို့နယ် ထန်းပင်ကုန်းကျေးရွာတွင်ဖြစ်ပွား 

=====================================



   သြဂုတ် - ၉ (ဝန်းသို)


စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ တောင်ဘို့လှအုပ်စု၊ ထန်းပင်ကုန်းရွာနေ မောင်လှဇော်ထွန်း (၁၈)နှစ်(ဘ)ဦးလှရွှေသည် ယနေ့နံနက်(၈)နာရီအချိန်တွင် (၁၀)တန်းစာမေးပွဲမအောင်သဖြင့်

မိမိကိုယ်ကို ကြိုးဆွဲချသေဆုံးနေကြောင်းသိရသည်။


@

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူ၏အဒေါ်ဖြစ်သူပြောကြားချက်အရ@

 >>>အဒေါ်တို့က မနက်(၈)နာရီလောက်မှသိရတာ ဘယ်လိုမှထင်မထားဘူး ခါတိုင်းလည်း အိမ်ကြီးပေါ်မှာပဲ အတူအိပ်ကြတာ ညတုန်းကလည်း (facebook)ပေါ်မှာ သူ့သူငယ်ချင်းတွေနဲ့ စာမေးပွဲအောင်စာရင်းထွက်တော့မယ့်အကြောင်း သူ့သူငယ်ချင်းတွေနဲ့ ည ၁၂ နာရီလောက်က လိုင်းပေါ်မှာ စကားပြောဖြစ်ကြသေးတယ်တဲ့ မနက်ကျတော့လည်း (၇)နာရီ (၈)နာရီလောက်မှ သူက အိပ်ယာထတာဆိုတော့ သတိမထားမိဘူး မနက်အိပ်ယာထလို့ သူ့အခန်းထဲမှာမတွေ့လို့ လိုက်ရှာကြည့်မှ ဘေးနားက အိမ်ဟောင်းပေါ်မှာ ခုလိုသေဆုံးနေတာ တွေ့ရတာပဲ"ဟု သေဆုံးသူ၏အဒေါ်ဖြစ်သူမှ ပြော...

Crd...

Comments