တရုတ်တို့ကတု့န်ပြန်မည်ဟုခြိမ်းခြောက်နေသည့်ကြားမှ ချက်နိုင်ငံပါလီမန်ဥက္ကဌအဖွဲ့ ထိုင်ဝမ်သို့ဆိုက်ရောက် -
တရုတ်တို့ကတု့န်ပြန်မည်ဟုခြိမ်းခြောက်နေသည့်ကြားမှ ချက်နိုင်ငံပါလီမန်ဥက္ကဌအဖွဲ့ ထိုင်ဝမ်သို့ဆိုက်ရောက် -
31-Aug-2020
အမေရိကန်အစိုးရဝန်ကြီးထိုင်ဝမ်တို့တရားဝင်လာရောက်ခဲ့သဖြင့်တရုတ်တို့အမျက်ချောင်းချောင်းထွက်ခဲ့ပြီးနောက်ယခုတဖန်ဥရောပတိုက်အလယ်ပိုင်းရှိ NATO စစ်စာချုပ်အဖွဲ့ဝင်ချက်နိင်ငံ(Czech Republic)၏ဆီး
နိတ်လွှတ်တော်ဥက္ကဌ Milo's Vystrcil ဦးဆောင်သည့်အဖွဲ့င် ၈၉ဦး ပါသော အုပ်စုဟာယမန်နေ့က ထိုင်ဝမ်နိုင်ငံသို့တရားဝင်ဆိုက်ရောက်လာခဲ့ပြန်ပါတယ်။
ချက်နိုင်ငံလွှတ်တော်အဖွဲ့ဝင်များဟာ ထိုင်ဝမ်နိုင်ငံမှလှူဒါန်းခဲ့သည့် ထိုင်ဝမ်လုပ်ပါးစပ်အုပ် (MIT Mask)များကိုတပ်ဆင်ထားတာကိုလည်းတွေ့ရပါတယ်။တစ်ကယ်တော့ချက်နိုင်ငံလွှတ်တော်ဥက္ကဌထိုင်ဝမ်နိုင်ငံတို့ လာရောက်မည့်ခရီးစဉ်ဟာယခုမှလုပ်ေဆာင်တာမဟုတ်ပါ။
ချက်နိုင်ငံလွှတ်တော်ယခင်ဥက္ကဋ္ဌ Jaroslav Kubera ဟာယခုနှစ်ဆန်းဖေဖော်ဝါရီလအတွင်းကထိုင်ဝမ်သို့လာရောက်ခါနီးတွင်ကွယ်လွန်ခဲ့ပါတယ်။ထိုစဉ်ကချက်နိုင်ငံရှိတရုတ်သံရုံးက ချက်နိုင်ငံ သမ္မတ Milo's Zeman ထံစာတစောင်ပေးပို့ခဲ့ပြီးစာပါအကြောင်းအရာတို့ကတော့ ချက် နှင့် ထိုင်ဝမ်အကြားလည်ပတ်မှု အပါ အဝင်အပြန်အလှန်ဆက်သွယ်မှုလုပ်ဆောင်ပါက စီးပွား ရေးရင်းနှီးမြှုပ်နှံမှုအပါအဝင် တရုတ်နိုင်ငံတွင်းရှိ ချက်
နိင်ငံစီးပွားရေးလုပ်ငန်းများအားလက်တုံ့ပြန်မည်၊ေနာက်ဆက်တွဲဆိုးကျိုးကိုပြန်ပေးဆပ်ရမည် ဟုခြိမ်းခြောက်ခဲ့ပါတယ်။
ဥရောပသားများဟာ တရုတ်တို့ရဲ့သံတမန်အမူအကျင့်နဲ့မတူသည့် လူမိုက်ဆန်စွာခြိမ်းခြောက္မှုအပေါ် ရှုံ့ချသည့်အပြင် ကွယ်လွန်သွားသည် ယခင်လွှတ်ေတာ်ဥက္ကဌရဲ့ဆန္ဒကို မဖြစ်ဖြစ်အောင်ဖြည့်ဆည်းပေးမယ်ဟု ဆုံးဖြတ်ထားခဲ့ပါတယ်။
ဆုံးဖြတ်ခဲ့သည့်အတိုင်းပင် ယခုလွှတ်တော်ဥက္ကဌဟာအဖွဲ့ဝင်(၈၉ဦး) ပါဝင်သည့်ကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်လျက် ထိုင်ဝမ်နိုင်ငံသို့ယမန်နေ့ကတရားဝင်ဆိုက်ေရာက်လာခဲ့ပါတယ်။
ဒီကြားထဲမှာအမေရိကန်ခေတ်မှီထောက်လှမ်းရေးလေယာဉ် EP-3E ဟာထိုင်ဝမ်မှပျံတက်ပြီးဂျပန်သို့ပျံသန်းသွားသည့် ရေဒါပုံရိပ်ကို တရုတ်တို့က ထုတ်ပြန်ပေမယ့် အမေရိကန်ေရာ ထိုင်ဝမ်ကပါထုံးစံအတိုင်း ကောက်ချက္မပေးပါ။
Comments
Post a Comment