ပုစွန်တောင်ရေကျော်စီးတီးမတ် အမျိုးသမီးသန့်စင်ခန်းတွင် လည်ပင်းကို ဓားဖြင့်လှီး၍ လုယက်မှု ဖြစ်ပွားခဲ့

 ပုစွန်တောင်ရေကျော်စီးတီးမတ် အမျိုးသမီးသန့်စင်ခန်းတွင် လည်ပင်းကို ဓားဖြင့်လှီး၍ လုယက်မှု ဖြစ်ပွားခဲ့

=======================================================



ရန်ကုန်တိုင်း ဒေသကြီး ပုဇွန်တောင်မြို့နယ် ရေကျော်လမ်းမကြီးပေါ်ရှိ စီးတီးမတ်ရှိ အမျိုးသမီး သန့်စင်ခန်းအတွင်း ယနေ့ (သြဂုတ် ၂၈ )ရက် ညနေ သုံးနာရီအချိန်ခန့်က အမျိုးသမီးတစ်ဦး၏ လည်ပင်းကို ဓားဖြင့်လှီးဖြတ်ကာ ဆွဲကြိုး လုယက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း အဆိုပါ စီးတီးမတ်အနီးရှိ ပတ်၀န်းကျင်အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။ 


ယင်


းဖြစ်စဉ်ကြောင့် ကျူးလွန်ခံရသူ အမျိုးသမီးအား ဆေးရုံသို့ ပို့ဆောင်ထားရှိပြီဖြစ်ကြောင်း နှင့်ကျူး လွန်သူအမျိုးသမီးငယ်ကိုလည်း ဖမ်းဆီးရမိပြီဖြစ်ကြောင်း သိရသည်။ 



ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်မြန်မာက သက်ဆိုင်ရာ ပုဇွန်တောင်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ “စခန်းမှူးနဲ့ အဖွဲ့ကတော့ သတင်းရ ရချင်းထွက်သွားပါတယ်။ ပြန်မရောက်ကြသေးဘူး” ဟု တာ၀န်ကျရဲ တပ်ဖွဲ့၀င် တစ်ဦးက ဆိုသည်။ 


ပုစွန်တောင်ရေကျော်စီးတီးမတ် အမျိုးသမီးသန့်စင်ခန်းတွင် လည်ပင်းကို ဓားဖြင့်လှီး၍ လုယက်မှု ဖြစ်ပွားခဲ့

=======================================================



ရန်ကုန်တိုင်း ဒေသကြီး ပုဇွန်တောင်မြို့နယ် ရေကျော်လမ်းမကြီးပေါ်ရှိ စီးတီးမတ်ရှိ အမျိုးသမီး သန့်စင်ခန်းအတွင်း ယနေ့ (သြဂုတ် ၂၈ )ရက် ညနေ သုံးနာရီအချိန်ခန့်က အမျိုးသမီးတစ်ဦး၏ လည်ပင်းကို ဓားဖြင့်လှီးဖြတ်ကာ ဆွဲကြိုး လုယက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း အဆိုပါ စီးတီးမတ်အနီးရှိ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။ 



ယင်းဖြစ်စဉ်ကြောင့် ကျူးလွန်ခံရသူ အမျိုးသမီးအား ဆေးရုံသို့ ပို့ဆောင်ထားရှိပြီဖြစ်ကြောင်း နှင့်ကျူး လွန်သူအမျိုးသမီးငယ်ကိုလည်း ဖမ်းဆီးရမိပြီဖြစ်ကြောင်း သိရသည်။ 



ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်မြန်မာက သက်ဆိုင်ရာ ပုဇွန်တောင်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ “စခန်းမှူးနဲ့ အဖွဲ့ကတော့ သတင်းရ ရချင်းထွက်သွားပါတယ်။ ပြန်မရောက်ကြသေးဘူး” ဟု တာဝန်ကျရဲ တပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။ 


Comments