ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ဆင်စွယ်ကျွန်းအနီးနှင့်ကံချောင်းရွာအနီးတို့တွင် တရားမဝင်သစ်များတင်ဆောင်လာသော စက်လှေ (၃)စီးဖမ်းဆီးရမိ

 ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ဆင်စွယ်ကျွန်းအနီးနှင့်ကံချောင်းရွာအနီးတို့တွင် တရားမဝင်သစ်များတင်ဆောင်လာသော စက်လှေ (၃)စီးဖမ်းဆီးရမိ

************************************************************

၁၉.၈.၂၀၂ဝ ရက်နေ့၌ ဟိုင်းကြီးရေတပ်စခန်းဌာနချုပ်၊ ကမ်းခြေစောင့်တိုက်ရေယာဉ်(၄၁၅)ဗိုလ်ကြီးတင်ကိုထွန်း ဦးဆောင်သောအဖွဲ့သည် ငပုတောမြို့နယ်၊ဆင်စွယ်ကျွန်းအနီးနှင့်ကံချောင်းရွာအနီးတို့တွင် ဦးအောင်ဇော်ထူး၊ဦးသန်းထွေး၊ဦးဝင်းခိုင် တို့မောင်းနှင်လာသောစက်လှေ(၃)စီးပေါ်မှ တရားမဝင် အခြားခွဲဲသား (၄၀၄)ချောင်း (၄.၁၈၂)တန်၊ ၃ပေအောက်သစ်လုံး(၁၅၈)လုံး(၄.၁၂၆)တန်၊အခြားမျော (၁၅၇)လုံးအား ဖမ်းဆီးရမိခဲ့ပါသည်။     စက်လှေပိုင်ရှင်/ရေယာဉ်မောင်းများဖြစ်သော ဦးအောင်ဇော်ထူး(မဲဇလီကျေးရွာ)၊ ဦးဝင်းခိုင် (ကုက္ကိုကျေးရွာ)၊စက်လှေပိုင်ရှင်/သစ်ပိုင်ရှင်/ရေယာဉ်မောင်းဦးသန်းထွေး (ကုက္ကိုကျေးရွာ)၊ သစ်ပိုင်ရှင် ဦးမြင့်ဝင်း(မဲဇလီကျေးရွာ)၊ ဦးစိုင်းဇော်ထက်အောင်(ဘုရားလှရွာ)၊ ဦးခိုင်မြဲကို(ဘုရားလှရွာ)၊လှေလုပ်သား များဖြစ်သော ဦးရန်ပိုင်စိုး(မဲဇလီကျေးရွာ)၊ဦးဇော်ဇော်(ကုက္ကိုလ်ကျေးရွာ)၊ဦးကျော်သက်(ဘုရားလှကျေးရွာ)၊  ဒေါ်မြင့်မြတ်သူ (ဘုရားလှကျေးရွာ)စုစုပေါင်း(၁၁)ဦးတို့အား သစ်တောဥပဒေပုဒ်မ၄၁(က)ဖြင့်  အရေးယူဆောင်ရွက်ထားပြီး ဖြစ်ပါသည်။

Comments