၄ ရက်တာပျောက်ဆုံးနေသည့်သမီး၏ရုပ်အလောင်းအား သရက်ခြံထဲတွင်တွေ့ရှိရပြီး လူသတ်တရားခံသည် သားမက်ဖြစ်နေကြောင်းရဲတပ်ဖွဲ့မှစုံးစမ်းသိရရှိရသဖြင့် ဖမ်းဝရမ်းထုတ်

 ၄ ရက်တာပျောက်ဆုံးနေသည့်သမီး၏ရုပ်အလောင်းအား သရက်ခြံထဲတွင်တွေ့ရှိရပြီး လူသတ်တရားခံသည် သားမက်ဖြစ်နေကြောင်းရဲတပ်ဖွဲ့မှစုံးစမ်းသိရရှိရသဖြင့် ဖမ်းဝရမ်းထုတ်


ဩဂုတ်လ ၂၁ ရက်


ထိုင်းနိုင်ငံ အန်းထောင်းခရိုင် စဝဲန်ဟာမြို့နယ် ရပ်ကွက် ၉ အနီး ဒွန်ကရန်း - စဝဲန်ဟာလမ်းမကြီးဘေးမှ မီတာ ၁၀၀ အကွာရှိ သရက်ခြံကြီးထဲမှ ချောင်းရိုးပြတ်ထဲတွင် ပလတ်စတစ်အိပ်အမဲဖြင့်ထုတ်ပိုးကာပစ်ချထားတဲ့အမျိုးသမီးတစ်ဦး၏ရုပ်အလောင်းအား ဩဂုတ်လ ၂၀ ရက်နေ့မနက် ၁၀: ၃၀ အချိန်က ခြံလုပ်သားများမှတွေ့ရှိကြောင်း ရဲတပ်ဖွဲ့သို့သတင်းပို့ခဲ့ကြသဖြင့်သွားရောက်စစ်ဆေးရာ သေဆုံးသူမိန်းမပျိုသည် ပျောက်ဆုံးနေသော အသက် ၂၅ နှစ်အရွယ် နန်းဝနိဒါ ဘွန်နက် ( ခ ) Joy ဖြစ်နေကြောင်းအတည်ပြုခဲ့ ။


သေဆုံးသူသည် ဩဂုတ်လ ၁၆ ရက်နေ့ကတည်းကနေအိမ်မှရုတ်တရက်ပျောက်ဆုံးသွားသဖြင့် အသက် ၄၇ နှစ်အရွယ် မိခင်ဖြစ်သူ နန်းဘွန်းချူး ဘွန်နက်မှ ရဲစခန်းတွင်လူပျောက်တိုင်ချက်ဖွင့်ခဲ့ပြီး နေရာအနှံ့ရှာဖွေခဲ့ကြသော်လည်းရှာဖွေတွေ့ရှိခဲ့ခြင်းမရှိခဲ့ပါ ၊ အဆိုပါသရက်ခြံအနီးတွင်လည်းရှာဖွေခဲ့ကြသည်ဟုဆိုပါသည် ။ 


သမီးဖြစ်သူသည် ခင်ပွန်းဖြစ်သူ နိုင် မေ့ခ် စူခမ်း ( ခ ) တမ့် နှင့် အယုဒ္ဒယမြို့နယ် ဘန့်ဖရမ်ရပ်ကွက် ၊ ရပ်ကွက် ၉ ရှိအိမ်အမှတ် ၁၀၆ တွင် အတူတကွငှားရမ်းနေထိုင်ပြီး စက်ရုံတစ်ခုတွင်အလုပ်လုပ်ကိုင်ကြသည်ဟုဆိုပါသည် ။


CCTV မှတ်တမ်းများအရ ဩဂုတ်လ ၁၇ ရက်နေ့ မနက်ပိုင်းကသေဆုံးသူနှင့် ခင်ပွန်းဖြစ်သူတို့ ဆိုင်ကယ်အတူတူစီးသွားခဲ့သည်ကိုစစ်ဆေးတွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့မှ ခင်ပွန်းဖြစ်သူအားသင်္ကာမကင်းဖြစ်ခဲ့ရာမှ ၎င်း၏သူငယ်ချင်းများအားခေါ်ယူစစ်ဆေးရာ အိုက်တမ့်သည် သူ၏မိန်းမနှင့်စကားများရာမှလည်ပင်းညှစ်မိပြီး မတော်တဆသေဆုံးသွားခဲ့တယ်လို့သူငယ်ချင်းများကိုပြောဆိုခဲ့ပြီး စူဖန်ဘူရီမြို့ဘက်သို့ ဆိုင်ကယ်မောင်းနှင်သွားတယ်လို့သိရှိရတဲ့အတွက် ရဲတပ်ဖွဲ့မှ လူသတ်အလောင်းဖျောက်မှုဖြင့် ခင်ပွန်းဖြစ်သူ အိုက်တမ့် ( ၃၂ ) နှစ်အားဖမ်းဆီးရမိနိုင်ရေးအတွက် ဖမ်းဝရမ်းထုတ်ခဲ့ ။ 


မိခင်ဖြစ်သူကတော့ သားမက်ဖြစ်သူမှသူ၏သမီးနှင့်မကြာခဏသဝန်တိုအူတိုမှုကြောင့် ကွာရှင်းထားစဉ် ယခုလိုသေဆုံးသွားတာဖြစ်နိုင်ကြောင်း ရဲစခန်းတွင်ရင်ဖွင့်ပြောဆိုခဲ့ပါသည် ။ 


ရဲတပ်ဖွဲ့ကတော့ အဖြစ်မှန်ပေါ်ပေါက်ရန်နှင့်တရားခံအားဖမ်းဆီးရမိနိုင်ရေးအတွက် ပြည်သူနှင့်အတူပူးပေါင်းကာအမြန်ဆုံးကြိုးစားဆောင်ရွက်သွားမယ်လို့သိရှိရပါသည် ။



Comments