ထွန်စက်မောင်းနေစဉ်သစ်ပင်ပိသေဆုံး

 #ထွန်စက်မောင်းနေစဉ်သစ်ပင်ပိသေဆုံး


သြဂုတ်၊ ၁၈

ပင်လည်ဘူး


စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်၊ မြေကုလားကျေးရွာနေ ဦးအောင်သန်း၏သားဖြစ်သူ အသက်(၃၂)နှစ်ခန့်ရှိ အောင်စိုးသည် ယနေ့(၁၈.၈.၂၀၂၀)ရက်နေ့ နံနက် (၅:၀၀)နာရီအချိန်ခန့်တွင် ၄င်း၏ယာခင်းအတွင်း နှမ်းခင်းလုပ်ရန်အတွက် လုံးပါတ် (၄)ပေခန့်ရှိသစ်ပင်အား ထွန်စက်ဖြင့်ရှင်းလင်းစဉ် သစ်ပင်မှာ အခြားတစ်ဖက်သို့လှဲကျသွားရမည့်အစား ထွန်စက်ဘက်သို့ နောက်ပြန်လှဲကျခဲ့ရာ ထွန်စက်မောင်းသူ အောင်စိုးမှာ နေရာတွင်ပင် သစ်ပင်ပိသည့်ဒါဏ်ရာဖြင့်ပင် ပွဲချင်းပီးသေဆုံးသွားကြောင်း သိရသည်။


  SH. မောင်တင့်(ကောလင်း)


Via- Zin Moe Mike

Comments