အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်း မော်တော်ဆိုင်ကယ်(၄)စီးနှင့်အတူ တရားမဝင်သစ်များ ဖမ်းဆီးရမိ
***********************************************************************************************
၁၄-၈-၂၀၂၀ ရက်နေ့တွင် အလောင်းတော် ကဿပအမျိုးသားဥယျာဉ်မှ ဝန်ထမ်းများအဖွဲ့သည် ဥယျာဉ် အတွင်း တရားမဝင်သစ်နှင့် သစ်တောထွက် ပစ္စည်းများခိုးထုတ်သယ်ယူဆောင်ရွက်ခြင်း မရှိစေရေးအတွက် လှည့်လည်စစ်ဆေးဆောင်ရွက်စဉ် ဒေသ အခေါ် သုံးမျက်နှာဘုတ်တိုင်မြောက်ဘက်၊ မဟူကြောနေရာ၌ တစ်ဦးတစ်ယောက်မျှတွေ့ရှိရခြင်း မရှိဘဲ ရပ်တန့်ထားသော မော်တော်ဆိုင်ကယ်(၄)စီးနှင့် တရားမဝင် ပိတောက်ခွဲသား (၈)ချောင်း(၀.၂၁၇၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
Comments
Post a Comment