ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် ငွေကျပ် ၁၁.၅ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် ငွေကျပ် ၁၁.၅ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ
===========================================


နေပြည်တော်။ သြဂုတ် ၁၆

သြဂုတ်လ ၁၅ ရက်နေ့ ၁၄၀၀ အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့၊ တူယား ကျေးရွာအုပ်စုအနီးတွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် မိုင်းနောင်မြို့ဘက်မှ မိုင်းစံမြို့ဘက်သို့ မောင်းနှင် လာသော Hilux Vigo အမျိုးအစားမော်တော်ယာဉ်အား စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ယာဉ်မောင်းမှာ လမ်းဘေးလျှို အတွင်းသို့ ထွက်ပြေးသွားသဖြင့် အဆိုပါမော်တော်ယာဉ်အားစစ်ဆေးရာ ယာဉ်ပေါ်တွင်တင်ဆောင်လာသော ICE အလေးချိန် ၃၁၄ ကီလို(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်သိန်း ၇၈၅၀၀ )နှင့် ဘိန်းဖြူဘလောက်တုံးအလေးချိန် ၁၄၆.၉၆ ကီလို(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်သိန်း ၃၆၇၄၀ )၊ စုစုပေါင်းမူးယစ်ဆေးဝါးတန်ဖိုးငွေကျပ်သိန်း ၁၁၅၂၄၀ )အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့်  မိုင်းနောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုရေးဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။

(Unicode)

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် ငွေကျပ် ၁၁.၅ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော်။ သြဂုတ် ၁၆

သြဂုတ်လ ၁၅ ရက်နေ့ ၁၄၀၀ အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့၊ တူယား ကျေးရွာအုပ်စုအနီးတွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် မိုင်းနောင်မြို့ဘက်မှ မိုင်းစံမြို့ဘက်သို့ မောင်းနှင် လာသော Hilux Vigo အမျိုးအစားမော်တော်ယာဉ်အား စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ယာဉ်မောင်းမှာ လမ်းဘေးလျှို အတွင်းသို့ ထွက်ပြေးသွားသဖြင့် အဆိုပါမော်တော်ယာဉ်အားစစ်ဆေးရာ ယာဉ်ပေါ်တွင်တင်ဆောင်လာသော ICE အလေးချိန် ၃၁၄ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၇၈၅၀၀ )နှင့် ဘိန်းဖြူဘလောက်တုံးအလေးချိန် ၁၄၆.၉၆ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၃၆၇၄၀ )၊ စုစုပေါင်းမူးယစ်ဆေးဝါးတန်ဖိုးငွေကျပ်သိန်း ၁၁၅၂၄၀ )အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့်  မိုင်းနောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုရေးဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။


Comments