ဘုန်းကြီးကျောင်းအတွင်းထိုင်နေသောဘုန်းကြီးကိုအရက်မူးနေသူကဆဲဆိုကြိမ်းမောင်းရာဘုန်းကြီးကဒေါသထွက်ပြီးဓားနဲ့ထိုးလို့သေရသောလူသတ်မှု

ဘုန်းကြီးကျောင်းအတွင်းထိုင်နေသောဘုန်းကြီးကိုအရက်မူးနေသူကဆဲဆိုကြိမ်းမောင်းရာဘုန်းကြီးကဒေါသထွက်ပြီးဓားနဲ့ထိုးလို့သေရသောလူသတ်မှု
============================================
စစ်ကိုင်းမြို့တွင်အရက်သောက်မူးယစ်ကာကျောင်း၀န်းထဲသို့လာရောက်သူကို အိမ်ပြန်လွှတ်ရာက မကျေမနပ်ဖြစ်၍စကားများစဉ်ဘုန်းကြီးကဓားဖြင့်ထိုးသတ်ခဲ့သည်ဆိုမှုကိုဖမ်းဆီးအရေးယူထားကြောင်း၁၄.၈.၂၀၂၀ရက်နံနက်ပိုင်းအချိန်ရတွင်ရဲတပ်ဖွဲ့ထံမှသိရသည်။
             
      အမှုဖြစ်စဉ်မှာ ၁၄ .၈.၂၀၂၀ရက်နေ့ နံနက်၁နာရီ၂၀မိနစ်အချိန်ခန့်တွင်စစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းစစ်ကိုင်းမြို့မရဲစခန်းတွင်ဒုရဲမှုး၀င်းဇော်မိုးတာ၀န်ထမ်းဆောင်နေစဉ်မသန်းသန်းနု(၄၄)နှစ်၊မှီခို၊ရွှေမင်းဝံရပ်ကွက်၊(ည)နယ်မြေ၊ကျူးကျော်ရပ်ကွက်၊စစ်ကိုင်းမြို့နေသူက၎င်းသည်၁၃.၈.၂၀၂၀ရက်ည၁၀နာရီအချိန်ခန့်ကနေအိမ်တွင်မိသားစုနှင့်အတူရှိနေစဉ်ခင်ပွန်းဖြစ်သူကိုမျိုး၀င်း(၄၈)နှစ်၊ကျဘမ်းလုပ်သူသည်ရပ်ကွက်အတွင်းရှိပေါ်တော်မူဘုရား၀င်းသို့သွားရောက်မည်ဟုပြောဆိုပြီးတစ်ဦးထဲနေအိမ်မှထွက်သွားခဲ့ကြောင်း၊ည၁၁နာရီအချိန်ခန့်တွင်ခင်ပွန်းဖြစ်သူကိုမျိုး၀င်းမှာပေါ်တော်မူဘုရား၀န်းအတွင်းရှိစေတိယပါလဘုန်းတော်ကြီးကျောင်းရှိခန်းနေဆရာတော်ဦးဝေပုလ္လရာမနှင့်စကားများရန်ဖြစ်ပြီးဆရာတော်ဝေပုလ္လကဓားနှင့်ထိုးသဖြင့်ဝဲဘက်ရင်ညွန့်တွင်ထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိကာအခင်းဖြစ်နေရာ၌ပင်သေဆုံးနေကြောင်း၊ဆရာတော်ဦးဇ၀နမှဖုန်းဆက်အကြောင်းကြားခဲ့ရာတရားလိုကသားဖြစ်သူမောင်ရဲသွေး၊ချွေးမဖြစ်သူမ၀င်းမာဌေးတို့နှင့်အတူသွားရောက်ကြည့်ရှုခဲ့ရာခင်ပွန်းဖြစ်သူကိုမျိုး၀င်းမှာဝဲဘက်ရင်ညွန့်တွင်ဓားဒဏ်ရာဖြင့်သေဆုံးနေသည်ကိုတွေ့ရှိရသောကြောင့်ခင်ပွန်းဖြစ်သူကိုမျိုး၀င်းကိုအသက်သေဆုံးအောင်သတ်သွားသူကိုဥပဒေအရအပြစ်ပေးအရေးယူပေးပါရန်တရားလိုပြုလုပ်တိုင်တန်းခဲ့ရာစစ်ကိုင်းမြို့မရဲစခန်း(ပ)၅၅၄/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂၊အမှုကြီးအမှတ်စဉ်(၆/၂၀၂၀)အရအမှုရေးဖွင့်ကာအမှုစစ်ဒုရဲမှုး၀င်းဇော်မိုးနှင့်နယ်ထိန်းတပ်ဖွဲ့၀င်တို့ကသွားရောက်စစ်ဆေးခဲ့ရာအခင်းဖြစ်နေရာတွင်မျိုး၀င်း(၄၈)နှစ်၊ညနယ်မြေကျူးကျော်ရပ်၊စစ်ကိုင်းမြို့နေထိုင်သူသည်ဝဲဘက်ရင်ညွှန့်ထိုးသွင်းဒဏ်ရာနှင့်သေဆုံးနေသည်ကိုတွေ့ရသဖြင့်အခင်းဖြစ်ရပ်စစ်ဆေးခြင်း၊မှတ်တမ်းပုံရိုက်ကူးခြင်း၊မြေပုံကြမ်းရေးဆွဲခြင်း၊သေဆုံးသူကိုရဲဆေးစာနှင့်အတူပြည်သူ့ဆေးရုံသို့ပို့ဆောင်ကာဖြစ်စဉ်ကိုစုံစမ်းခဲ့ရာစုံစမ်းချက်အရကျောင်းရှိခန်းနေသံဃာဦးဝေပုလ္လ(ခ)လှမျိုး(၄၉)နှစ်သည်ကျောင်းထိုင်ဆရာတော်ဦးဝိသုဒ္ဓ၊ဦးဇ၀နတို့နှင့်အတူကျောင်းခန်းပေါက်ထိုင်နေစဉ်ညနယ်မြေကျူးကျော်ရပ်နေမျိုး၀င်းအရက်သေစာသောက်စားမှုယစ်ပြီးကျောင်း၀န်းအတွင်းသို့ရောက်ရှိလာသဖြင့်ဦးဝေပုလ္လက"မင်းအရက်မူးနေတာမဟုတ်လား၊အိမ်ပြန်"ဟုပြောဆိုခဲ့သည်။ထိုသို့ပြောဆိုသည်ကိုမျိုး၀င်းမှမပြန်ဘဲပြသနာရှာနေသဖြင့်ဝါးတုတ်ဖြင့်နောက်ကျောကိုတစ်ချက်ရိုက်ပြီးကျောင်း၀န်းအတွင်းမှထွက်သွားရန်နှင်ထုတ်ခဲ့ကြောင်း၊ည၁၀နာရီ၄၅မိနစ်အချိန်ခန့်တွင်ကျောင်း၀န်းထဲသို့မျိုး၀င်းပြန်ရောက်လာပြီးအဆိုပါကိစ္စကိုမကျေနပ်သဖြင့်ဦးဝေပုလ္လကိုဆဲဆိုကြိမ်းမောင်းခဲ့ကြောင်း၊ထိုသို့ပြုမူသည်ကိုဦးဝေပုလ္လကကုတင်ခြေရင်းတွင်ထားရှိသည့်အရိုးအသွား(၁၇)လက်မရှိဓားချွန်ဖြင့်မျိုး၀င်း၏ဝဲဘက်ရင်ညွှန့်ကိုထိုးသွင်းခဲ့သောကြောင့်နေရာတွင်သေဆုံးခဲ့သောကြောင့်ဦးဝေပုလ္လ(ခ)လှမျိုးကိုသိက္ခာချလူ၀တ်လဲကာအမှုနှင့်ဖမ်းဆီးပြီးအမှုစစ်ဒုရဲမှုး၀င်းဇော်ကအမှုနှင့်စစ်မေးခဲ့ရာသေဆုံးသူသည်အရက်မူးလာတိုင်းပြသနာရှာဆဲဆိုသောင်းကြမ်းလေ့ရှိကြောင်း၊ယခုလည်း၎င်းတို့ကျောင်းတိုက်အတွင်းထိုင်နေစဉ်၀င်လာသဖြင့်ကျောင်းတိုက်မှနှင်ထုတ်သည်ကိုမကျေမနပ်ဖြစ်ကာထပ်မံဆဲဆိုကြိမ်းမောင်းလာသဖြင့်စိတ်ဆိုးဒေါသထွက်ကာဓားနှင့်ထိုးမိခဲ့ကြောင်းပေါ်ပေါက်ချက်အရအသေးစိပ်စစ်မေးကာဥပဒေအရတရားစွဲဆိုတင်ပို့သွားမည်ဖြစ်ကြောင်းသိရှိရသည်။
အောင်ကျော်ဦး(ပြည်မျက်လုံး)S.H
ရှုထောင့်မှုခင်းနှင့်သတင်းဂျာနယ်

Comments