သံဖြူဇရပ်မြို့မှာ ဆေးခြောက်ပင် ၅ ပင် စိုက်ပျိုးထားသူအား ဖမ်းဆီးရမိ
သံဖြူဇရပ်၊ သြဂုတ် ၁၃
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ သြဂုတ်လ(၁၂)ရက်နေ့က ဆေးခြောက်ပင်စိုက်ပျိုးထားသူတစ်ဦးအား ဖမ်းဆီးရမိခဲ့တယ်လို့ သိရသည်။
ဖြစ်စဉ်မှာ မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့ မှုခင်းအကူဌာနစုမှ ရဲအုပ်စောကိုကိုနှင့် ရဲတပ်ဖွဲ့ဝင်များ၊သံဖြူဇရပ်မြို့မရဲစခန်းမှ နယ်ထိန်း တပ်ကြပ်အောင်ကျော်စိုးတို့သည် သက်သေများနှင့်အတူ သြဂုတ်လ ၁၂ ရက် နေ့လည် ၁ နာရီချိန်ခန့်၌ သံဖြူဇရပ်မြို့အတွင်း ဆေးခြောက်ပင်များစိုက်ပျိုး၍ ရောင်းချသုံးစွဲနေကြောင်း သတင်းအရ သံဖြူဇရပ်မြို့ ကြံခိုင်ရေးရပ်ကွက် အောင်ဆန်းလမ်းရှိ အောင်မျိုးလတ်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့တယ်လို့ သိရသည်။
အခုလိုရှာဖွေရာမှာတော့ အောင်မျိုးလတ်ရဲ့နေအိမ်ဘေးမှာ စိုက်ပျိုးထားတဲ့ အမြင့်(၄)ပေနီးပါရှိတဲ့ ဆေးခြောက်ပင် ၅ ပင်ကိုတွေ့ရှိခဲ့ရပြီးအခုလိုဆေးခြောက်ပင်တွေကိုစိုက်ပျိုးထားတဲ့အတွက် အောင်မျိုးလတ်ကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရသည်။
လက်ရှိဖမ်းဆီးရမိမှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားမဝင် ဆေးခြောက်ပင် စိုက်ပျိုးသုံးစွဲနေသူအောင်မျိုးလတ်(၃၇)နှစ်ကို ရဲအုပ်စောကိုကိုကနေ တရားလိုပြုလုပ်ပြီး သံဖြူဇရပ်နယ်မြေရဲစခန်း မယ (ပ) ၃၉/၂၀၂၀ မူး/စိတ်ပုဒ်မ ၁၆(က)/၁၆(ဂ) တို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရသည်။

Comments
Post a Comment