ဆယ်တန်းအောင်မြင်သည့် ညီဖြစ်သူအား အဝေရာဆည်သို့ လိုက်ပို့ရာမှ ဆည်အတွင်းပြုတ်ကျကာ ညီအကိုနှစ်ယောက်သေဆုံ

ဆယ်တန်းအောင်မြင်သည့် ညီဖြစ်သူအား အဝေရာဆည်သို့ လိုက်ပို့ရာမှ ဆည်အတွင်းပြုတ်ကျကာ ညီအကိုနှစ်ယောက်သေဆုံး
===============================================

၂၀၁၉- ၂၀၂၀ တက္ကသိုလ်၀င်တန်းစာမေးပွဲအောင်မြင်သည့် ညီဖြစ်သူအား ပျဉ်းမနားမြို့နယ်အတွင်းရှိ အဝေရာဆည်သို့ အလည်လိုက်ပို့စဉ် ညီဖြစ်သူကဆည်အနီးရှိ ကျောက်တုံးပေါ်တက်၍ ဖုန်းဖြင့် ဆဲ ဖီလ် ရိုက်ရာ ခြေချော်၍ ဆည်အတွင်းပြုတ်ကျခဲ့သောကြောင့် အကိုဖြစ်သူက ကယ်ဆယ်ရာ ညီအ ကိုနှစ်ဦးလုံး ရေနစ်သေဆုံး ခဲ့ကြောင်း ပျဉ်းမနားမြို့ ထေရဝါဒဓမ္မပြန့်ပွားရေးနှင့် နာရေးကူညီမှု အကျိုး ဆောင် လူငယ်အဖွဲ့မှ ကိုရဲမင်းနိုင်က ပြည်မြန်မာသို့ ပြောသည်။

သေဆုံးသူ အသက် ၂၅ နှစ်အရွယ် မောင်မင်းခိုင်ထွန်းနှင့် အသက် ၁၈နှစ်အရွယ် မောင်ဖိုးလပြည့်တို့ ညီအကိုနှစ်ဦးမှာ သြဂုတ်လ ၁၀ ရက် မွန်းတည့်ချိန်က အဝေရာဆည်သို့ ရောက်ရှိလာကာ ဆည်အ တွင်း ရေနစ်သေဆုံးခြင်းဖြစ်သည်။

သြဂုတ်လ ၁၁ ရက် ၁၂ နာရီအချိန်ခန့်တွင် အကိုဖြစ်သူအား ဆည်အတွင်း သေဆုံးလျက် ပြန်လည် တွေ့ရှိပြီးနောက် ညီဖြစ်သူကို ညနေ ၃ နာရီအချိန်ခန့်တွင် ထပ်မံတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

၄င်းတို့ ညီအကိုနှစ်ဦးအလောင်းကို ပျဉ်းမနားမြို့ ကုတင်နှစ်ရာ ဆေးရုံထေရဝါဒ ဓမ္မပြန့်ပွားရေးနှင့် နာရေးကူညီမှုအကျိုး ဆောင်လူငယ်အဖွဲ့က ပို့ဆောင်ခဲ့ကြောင်းသိရသည်။

မင်းရန်နောင်
ဓာတ်ပုံ - ထေရဝါဒဓမ္မပြန့်ပွားရေးနှင့် နာရေးကူညီမှုအကျိုးဆောင်လူငယ်အဖွဲ့

Unicode

ဆယ်တန်းအောင်မြင်သည့် ညီဖြစ်သူအား အဝေရာဆည်သို့ လိုက်ပို့ရာမှ ဆည်အတွင်းပြုတ်ကျကာ ညီအကိုနှစ်ယောက်သေဆုံး
===================================================

၂၀၁၉- ၂၀၂၀ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သည့် ညီဖြစ်သူအား ပျဉ်းမနားမြို့နယ်အတွင်းရှိ အဝေရာဆည်သို့ အလည်လိုက်ပို့စဉ် ညီဖြစ်သူကဆည်အနီးရှိ ကျောက်တုံးပေါ်တက်၍ ဖုန်းဖြင့် ဆဲ ဖီလ် ရိုက်ရာ ခြေချော်၍ ဆည်အတွင်းပြုတ်ကျခဲ့သောကြောင့် အကိုဖြစ်သူက ကယ်ဆယ်ရာ ညီအ ကိုနှစ်ဦးလုံး ရေနစ်သေဆုံး ခဲ့ကြောင်း ပျဉ်းမနားမြို့ ထေရဝါဒဓမ္မပြန့်ပွားရေးနှင့် နာရေးကူညီမှု အကျိုး ဆောင် လူငယ်အဖွဲ့မှ ကိုရဲမင်းနိုင်က ပြည်မြန်မာသို့ ပြောသည်။

သေဆုံးသူ အသက် ၂၅ နှစ်အရွယ် မောင်မင်းခိုင်ထွန်းနှင့် အသက် ၁၈နှစ်အရွယ် မောင်ဖိုးလပြည့်တို့ ညီအကိုနှစ်ဦးမှာ သြဂုတ်လ ၁၀ ရက် မွန်းတည့်ချိန်က အဝေရာဆည်သို့ ရောက်ရှိလာကာ ဆည်အ တွင်း ရေနစ်သေဆုံးခြင်းဖြစ်သည်။

သြဂုတ်လ ၁၁ ရက် ၁၂ နာရီအချိန်ခန့်တွင် အကိုဖြစ်သူအား ဆည်အတွင်း သေဆုံးလျက် ပြန်လည် တွေ့ရှိပြီးနောက် ညီဖြစ်သူကို ညနေ ၃ နာရီအချိန်ခန့်တွင် ထပ်မံတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့ ညီအကိုနှစ်ဦးအလောင်းကို ပျဉ်းမနားမြို့ ကုတင်နှစ်ရာ ဆေးရုံထေရဝါဒ ဓမ္မပြန့်ပွားရေးနှင့် နာရေးကူညီမှုအကျိုး ဆောင်လူငယ်အဖွဲ့က ပို့ဆောင်ခဲ့ကြောင်းသိရသည်။

မင်းရန်နောင်
ဓာတ်ပုံ - ထေရဝါဒဓမ္မပြန့်ပွားရေးနှင့် နာရေးကူညီမှုအကျိုးဆောင်လူငယ်အဖွဲ့

Comments