ပုဇွန်တောင်မြို့နယ်၊ ရေကျော်လမ်းရှိ ဖုန်းအရောင်းဆိုင်အတွင်းမှ ငွေကျပ်သိန်း(၁၇၀)နှင့် ဖုန်းငွေဖြည့်ကတ် များ ခိုးယူသူကို အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ

ရန်ကုန်၊ ဩဂုတ် ၁
အမှုမှာ ၃၀.၇.၂၀၂၀ ရက်နေ့ နံနက် (၁၀) နာရီအချိန်ခန့်တွင် ပုဇွန်တောင်မြို့နယ်၊ ရေကျော်လမ်းရှိ AQUARIUS LIQUOR ဖုန်းအရောင်းဆိုင် မန်နေဂျာ မ-----သည် ဆိုင်တံခါးအား ဖွင့်ပြီး ဆိုင်အတွင်းရှိ ကောင်တာနှင့် စားပွဲများအား လိုက်လံကြည့်ရှုစစ်ဆေးရာ ရုံးခန်းအတွင်းရှိ အံဆွဲအတွင်းမှ ငွေကျပ်သိန်း (၁၇၀)နှင့် ဖုန်းငွေဖြည့်ကတ်(၁၈)ကတ်၊ တန်ဖိုးငွေ(၂၄,၀၀၀)ကျပ်တို့မှာ ပျောက်ဆုံးနေကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် ခိုးယူသွားသူကို အရေးယူပေးပါရန် ပုဇွန်တောင်မြို့မရဲစခန်းသို့ အမှုဖွင့် တိုင်တန်းမှုဖြစ်ပါသည်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်အရ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး လှသိန်း က အနီးကပ်ကြီးကြပ်၍ ပုဇွန်တောင်မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မောင်မောင်သန်း၊ မြို့မရဲစခန်းမှူး ဒုရဲမှူး ဇော်ဇော်ထွဋ် ဦးစီးအဖွဲ့က သတင်းရလျှင်ရချင်း အခင်းဖြစ်ရပ်သို့ သွားရောက် ကြည့်ရှုစစ်ဆေးခြင်း၊ ဆိုင်ဝန်ထမ်းများနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခြင်းတို့ ဆောင်ရွက်ခဲ့ရာ ဆိုင်အရောင်းဝန်ထမ်းဖြစ်သူ လင်းခန့်ကိုကို၊ (၂၁)နှစ်၊ (ဘ)ဦးသန့်ဇင်၊ ဗမာ/ဗုဒ္ဓ ၊ အမှတ်(၈၄၆)၊ ထူပါရုံ (၁၄)လမ်း၊ (၁)ရပ်ကွက်၊ သာကေတမြို့နယ် နေသူမှ ကျူးလွန်ခဲ့ကြောင်းနှင့် သက်သေခံပစ္စည်း ငွေနှင့် ဖုန်းငွေဖြည့်ကတ်တို့အား နေအိမ်၌သိမ်းဆည်းထားကြောင်း စစ်ဆေးပေါ်ပေါက်ပါသည်။
စစ်ဆေးပေါ်ပေါက်ချက်အရ သက်သေခံပစ္စည်း ငွေကျပ်သိန်း(၁၇၀)နှင့် ဖုန်းငွေဖြည့်ကတ်တို့အား ပြန်လည်သိမ်းဆည်း ရရှိပြီးဖြစ်၍ ခိုးမှုကျူးလွန်သူ လင်းခန့်ကိုကို ကို ဥပဒေနှင့်အညီ အမြန်တရားစွဲ တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Comments
Post a Comment