မြောက်ဥက္ကလာပမြို့နယ်တွင် YBS ယာဉ်ပေါ်ပါ ခရီးသည်ထံမှ စိန်ထည်ပစ္စည်းများ ခါးပိုက်နှိုက်မှု ကျူးလွန်သူ(၂)ဦးကို ဖမ်းဆီးရမိ

ရန်ကုန်၊ ဇူလိုင် ၁၃
အမှုမှာ ပန်းဘဲတန်းမြို့နယ်၊ (၆)ရပ်ကွက်၊ (၂၉)လမ်း၊ အမှတ်(၇၇)နေ တရားလို ဦး----(စိန်ပွဲစား) သည် စိန်ရောင်းရန်အတွက် မန္တလေးမြို့သို့ထွက်သွားခဲ့ပြီး လုပ်ငန်းအဆင်မပြေသဖြင့် ၁၀.၇.၂၀၂၀ ရက်နေ့ တွင် ရန်ကုန်သို့ပြန်လာခဲ့ရာ ၁၁.၇.၂၀၂၀ ရက်နေ့ ၀၆၀၀ အချိန်တွင် အောင်မင်္ဂလာကားဝင်းသို့ရောက်ခဲ့ ကြောင်း၊ ကားပေါ်မှအဆင်းတွင် အနီရောင်အိတ်ဖြင့်ထည့်ထားသော စိန်ထည်ပစ္စည်းများအား ကြည့်ရှု စစ်ဆေး၍ YBS ယာဉ်လိုင်းဖြင့် နေအိမ်သို့ပြန်လာခဲ့ကြောင်း၊ နေအိမ်သို့ရောက်သောအခါ အနီရောင်အိတ် ဖြင့်ထည့်ထားသော စိန်ထည်ပစ္စည်း(၁၇)မျိုး၊ စုစုပေါင်းတန်ဖိုးငွေ(၁၅၇၀)သိန်းကျော်မှာ ပျောက်ဆုံးနေ သည်ကို စစ်ဆေးတွေ့ရှိရ၍ အဆိုပါစိန်ထည်ပစ္စည်းများ ခိုးယူသွားသူကို စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် မြောက်ဥက္ကလာပမြို့မရဲစခန်းသို့ အမှုဖွင့်တိုင်တန်းမှုဖြစ်ပါသည်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်နှင့်အညီ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်မှု ဌာနခွဲမှ တပ်ဖွဲ့ဝင်များ၊ ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းရလျှင်ရချင်း တရားခံ အမြန်ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာ ဆန်းမြင့်အောင် နှင့် ကုလားချေ(ခ)အငယ် တို့ (၂)ဦးဖြစ်ကြောင်း စုံစမ်းသိရှိသဖြင့် လိုက်လံစုံစမ်းဖမ်းဆီးခဲ့ရာ ၁၁.၇.၂၀၂၀ ရက်နေ့ ၂၀၃၀ အချိန် ၎င်းတို့၏နေအိမ်အသီးသီး၌ ဖမ်းဆီးရမိခဲ့ ကြောင်းနှင့် သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်းရရှိပြီးဖြစ်၍ ၎င်းတို့(၂)ဦးကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Crd..

Comments
Post a Comment