စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီးအား "နင့်အမေဆီ လိုက်ပို့ပေးမယ်" ဟုပြောခေါ်ကာ သားမယားပြုကျင့်
------------------------------------
၂၅-၆-၂ဝ၂ဝ ရက်နေ့ ည (၇)နာရီခွဲအချိန်ခန့် ပဲခူးမြို့နေ မ----(၃၄)နှစ်(စိတ်ကျန်းမာရေး မကောင်းသူ)သည် ပဲခူးမြို့တွင်းဘက်သို့ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းအတိုင်း လမ်းလျှောက်လာစဉ် ဗိုလ်ချုပ်အောင်ဆန်း လမ်းထိပ်အရောက် အမည်မသိအမျိုးသား တစ်ဦး (လူမြင်လျှင် မှတ်မိ)မှ

"နင့် အမေဆီ လိုက်ပို့ပေးမယ်" ဟုပြောပြီး ပဲခူးမြို့၊ ဥသာမြို့သစ်၊ အမှတ်(၈)ရပ်ကွက်၊ မြို့ရှောင်လမ်းအနီးရှိ လူမနေသည့် တဲဟောင်းတစ်လုံး အတွင်းသို့ ခေါ်ဆောင်ကာ သားမယားအဖြစ်(၁)ကြိမ်ပြုကျင့်ခဲ့သဖြင့် ၂၇-၆-၂၀၂၀ ရက်နေ့ ၁၃၁၀ အချိန် ပဲခူးမြို့ အမှတ်(၃)နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ပါသည် ။

အမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ လမ်းညွှန် ချက်နှင့်အညီ တရားခံအမြန်ဖမ်းဆီးရမိရေးအတွက် ရဲတပ် ဖွဲ့ဝင်များမှ စုံစမ်းဆောင်ရွက်ချက်အရ ၂၈-၆-၂၀၂၀ ရက်နေ့ (၀၃၃၀)အချိန် မသင်္ကာ တရားခံ ဒီလုံး(ခ)မော်စီတုံး(ခ)အောင်မိုး (၄၆)နှစ်၊ ကလိကျေးရွာအရှေ့ပိုင်း၊ ပဲခူးမြို့နေသူအား ၎င်းနေထိုင်ရာ ကျေးရွာတွင် ဖမ်းဆီးရမိခဲ့ပါသည်။

ဒီလုံး(ခ)မော်စီတုံး(ခ)အောင်မိုး အား စစ်ဆေးမေးမြန်းရာ
ပြစ်မှုကျူးလွန်ခဲ့ကြောင်းထွက်ဆိုခဲ့ပြီး ကျူးလွန်ခံရသူမှလည်း ဒီလုံး(ခ)မော်စီတုံး(ခ)အောင်မိုး ဖြစ်ကြောင်း အတည်ပြု ခဲ့သဖြင့် ဥပဒေနှင့်အညီ တရားစွဲတင်နိုင်ရေး ဆက်လက်
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိခဲ့ပါသည် ။

Crd..

Comments